မွန်ပြည်သစ်ပါတီရဲ့ (၈)ကြိမ်မြောက် ညီလာခံ

  • 7 ဇန်နဝါရီ 2012
Image caption မွန်ပြည်သစ်ပါတီရဲ့ ၈ ကြိမ်မြောက် ပါတီ ညီလာခံ

မွန်ပြည်သစ်ပါတီရဲ့ (၈)ကြိမ်မြောက် ပါတီညီလာခံကို မွန်ပြည်နယ် ရေးချောင်းဖျား ဒေသမှာ ဒီဇင်ဘာ(၂၁)ရက်နေ့ စတင်ကျင်းပခဲ့ပါတယ်။

ကိုယ်စားလှယ်ပေါင်း(၁၂၀)ခန့် တက်ရောက်ပြီး(၂)ပတ်ကျော်ကြာ ကျင်းပခဲ့တဲ့ ပါတီညီလာခံမှာတော့ သူတို့ရဲ့ လမ်းစဉ်ပေါ်လစီတွေကို ပြန်လည် သုံးသပ် ပြင်ဆင် ခဲ့သလို၊ ကာလအခြေအနေတွေနဲ့ ကိုက်ညီတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ပါတယ်။

တခါ ခေါင်းဆောင် အဆင့်ဆင့်တွေကို အသစ်ပြန်လည်ရွေးချယ်ကြရာမှာ ဗဟိုကော်မီတီ (၂၇)ဦးနဲ့ အရံ (၃)ကိုဦးရွေး ချယ်ခဲ့ကြပါတယ်။

အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးကြရာမှာတော့ မွန်ပြည်သစ်ပါတီအနေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို တချိန်တည်းလုပ်ဖို့ဆိုတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ မူအတိုင်း ဆက်လက်သဘောထားတယ်လို့ အထွေအထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောခဲ့ပါတယ်။

အစိုးရဖက်ကတော့ ဒီဇန်နဝါရီလအတွင်း ထပ်မံတွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းက ထိုင်းနိုင်ငံ စံခဘူရီမှာတွေ့ဆုံခဲ့စဉ် တောင်းဆိုထားသော်လည်း မွန်ပြည်သစ်ပါတီက မကြာခင် မွန်အမျိုးသားညီလာခံ ကျင်းပရန် ရှိနေ သည့်အတွက် မအား လပ်နိုင်သေးကြောင်းဆိုပါတယ်။ မွန်ပြည်သစ်ပါတီဟာ(၁၉၉၅) ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်ခဲ့ဘူးပြီး ၂၀၁၀ခုနှစ် အောက်တိုဘာလမှာ အပစ် အခတ် ရပ်စဲရေးတွေ ပျက်ပြယ်သွားခဲ့ တာပါ။ ပါတီညီလာခံကိုလည်း ပါတီကို(၁၉၅၈) ခုနှစ်ကတည်းက တည်ထောင်ခဲ့ပေမဲ့ (၁၉၈၉)မှာမှ ပါတီညီလာခံကိုကျင်း ပနိုင်ခဲ့ပါတယ်။

ညီလာခံကို အရင်က (၄)တကြိမ် ကျင်းပခဲ့ပြီး နောက်ပိုင်းမှာ (၃)နှစ်တ ကြိမ် ပုံမှန်ကျင်းပလာခဲ့ပါတယ်။