လယ်ယာမြေ အောင်ပွဲ စာစောင်

  • 11 ဇန်နဝါရီ 2012
farmers
Image caption မြန်မာ့တောင်သူ လယ်သမားများ

လယ်ယာမြေ အဓမ္မ သိမ်းယူမှုများ နဲ့ အောင်ပွဲ အပိုင်းအစများ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစောင် တစောင်ကို လယ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ ကွန်ယက်က ထုတ်ဝေလိုက်ပါတယ်။

စာမျက်နှာ ၃၈ မျက်နှာ ပါတဲ့ ဒီစာစောင် ဟာ မကွေးတိုင်း ကံမ မြို့နယ်၊ စစ္စရံ ကျေးရွာ က အဓမ္မ လယ်မြေ သိမ်းယူခံ ရတဲ့ လယ်သမားတွေ က သူတို့ လယ်ယာမြေတွေကို ထူးကုမ္ပဏီ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် တို့ သိမ်းယူမှုကို ဉပဒေကြောင်း အရ ခုခံ ကာကွယ်ပြီး တရားမျှတမှု ကို ရှာဖွေ နိုင်ခဲ့တဲ့ ဖြစ်ရပ် ကို မှတ်တမ်းတင်ခဲ့ တါပါ။

မြန်မာနိုင်ငံ တဝန်းက လယ်သမားတွေ အနေနဲ့ပါ ဒီဖြစ်ရပ် ကို စံနမူနာ ပြုနိုင်စေရေး အတွက် ရောင်စုံ ဓါတ်ပုံ တွေပါ ဒီစာစောင် ကို ရည်ရွယ် ထုတ်ဝေကြောင်း လယ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ ကွန်ယက်က ကိုမင်းမင်း က ဘီဘီစီ ကို ပြောပြပါတယ်။

တရားမျှတမှု ရရှိရေးမှာ လည်း တောင်သူတွေ အနေနဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ရုံးတက် တရားစွဲရာမှာ ကုမ္ပဏီ စီမံကိန်း အခြေစိုက်ရုံးက လူတွေရဲ့ ခြောင်းမြောင်း လုပ်ကြံ ရိုက်နှက်တာ ခံရသလို၊ အောက်ခြေ အာဏာပိုင် တွေနဲ့ ပေါင်းပြီး နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံရပုံ တွေပါ ကိုမင်းမင်းက ရှင်းပြပါတယ်။