ရွှေညဝါ ဆရာတော် အယူခံ ပယ်ချခံရ

  • 15 ဇန်နဝါရီ 2012
shwe nya war ဓာတ်ပုံ မူပိုင် Reuters
Image caption ရွှေညဝါ ဆရာတော်

ရွှေညဝါ ဆရာတော် လို့ လူသိများတဲ့ အရှင် ပညာသီဟ က သာဓု ကျောင်းတိုက် မှာ ဆက်လက် ကျောင်းထိုင် ဖို့ အရေး အယူခံ တာ ကို သံဃာ့ နာယက အဖွဲ့ မဟန က ပယ်ချ လိုက်ပါတယ်။

အခုလို ပယ်ချတဲ့စာနဲ့ အရင် ဆုံးဖြတ်ချက် အတိုင်း ဆက်လုပ်ဖို့ မဟန က ညွှန်ကြားထားတဲ့ စာ ဟာ ဇန်နဝါရီ လ ၁၂ ရက် နေ့မှာ သာဓုကျောင်းတိုက် ကို ရောက် လာခဲ့ ပါတယ်။

သာဓု ကျောင်း ရဲ့ ပဓာန နာယက ဆရာတော် လည်းဖြစ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် လည်း ဖြစ်တဲ့ အရှင် ဥဂ္ဂံသ က ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ မှာ ကြီးတဲ့ အမှု ငယ်စေ၊ ငယ်တဲ့ အမှု ပယ်ပျက်စေ လို့ ဆိုတာ ရှိတယ် လို့ မိန့် ပါတယ်။

အခု ရွှေညဝါ ဆရာတော် သာဓုကျောင်းတိုက် ကနေ ထွက်ခွာဖို့ ညွှန်ကြားချက် မှာ ဘယ်နေ့ နောက်ဆုံးထား ထွက်ခွာရမယ် ဆိုတဲ့ နေ့သတ်မှတ် ချက် မပါဘူးလို့ လည်း သိရပါတယ်။