ပြင်သစ် ဝန်ကြီး အစိုးရသစ်ကို ချီးကျူး

  • 16 ဇန်နဝါရီ 2012
alan juppe ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ယူပေး

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အာလန် ယူပေးက အစိုးရသစ် လုပ်ဆောင်မှုတွေကို ချီးကြူး ပြောဆိုခဲ့ပြီး မြန်မာ့ ဒီမိုကရေစီ ရေးကို ပြင်သစ်က ဆက်ထောက်ခံမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သူဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

မြန်မာ နိုင်ငံကို ဒဏ်ခပ် ပိတ်ဆို့မှုနဲ့ ပတ်သက်လို့တော့ မြန်မာ နိုင်ငံထဲက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်မှုတွေကို ကြည့်ပြီး သက်ဆိုင်ရာ အီးယူ နိုင်ငံတွေနဲ့ တိုင်ပင်ပြီး တဆင့်ချင်း ရုပ်သိမ်း သွားမယ်လို့ အာလန် ယူပေးက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ပြင်သစ်က တိုတယ် ရေနံ ကုမ္ပဏီ ရင်းနှီး မြှတ်နှံနေပေမယ့် ၂၀၀၇ သံဃာ အရေးအခင်း အပြီးမှာ မြန်မာ နိုင်ငံထဲ နောက်ထပ် ရင်းနှီး မြှတ်နှံမှုတွေ မလုပ်ဖို့ ပြင်သစ် သမ္မတ ဆာကိုဇီက ညွှန်ကြား ခဲ့ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဟာ သူ့ခရီးစဉ်မှာ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု ရှိဖို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်း ppeခဲ့ပါတယ်။