ကေအင်ယူ နယ်မြေ သတ်မှတ်ရေး။

  • 16 ဇန်နဝါရီ 2012
knu_peace
Image caption ကေအင်ယူ မဲဆောက်ပြန်ရောက်

ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ၊ ဘားအံမြို့ မှာ အပစ်အခတ်ရပ်စဲရေး ၊သဘောတူညီချက်ကိုလက်မှတ်ထိုး ပြီးတဲ့ နောက်မှာ အစိုးရက ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဆက်စပ် နယ်မြေတွေ ဖြစ်တဲ့ ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ၊စစ်ဖက် တာ၀န်ရှိသူတွေ ၊ပဲခူးတိုင်းဒေသကြီး၊ ၀န်ကြီးချုပ်နဲ့ပါ တွေ့ဆုံ ညှိုနှိုင်း ပေးပါတယ်။

အစိုးရရဲ့ ရှေ့တန်း တပ်မှူးတွေ ကလည်း အပစ်အခတ် ရပ်စဲလိုက်တဲ့ အကြောင်းကြားစာ တွေပေးခဲ့တယ် ပြီးတော့ ဒုတိယသမ္မတ စိုင်းမောက်ခမ်း က လည်း နေပြည်တော်မှာ ညစာ စားပွဲနဲ့ ဧည့်ခံဂုဏ်ပြုခဲ့တာတွေ ကြောင့် အခုခရီးစဉ် အပေါ်မှာ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က အားရ ကြေနပ်မှု ရှိတယ် လို့ ဆိုပါတယ်။

အခု အပစ်အခတ် ရပ်စဲရေး ကိစ္စနှစ်ဖက် သဘောတူ ပြီးသွားကြတဲ့အတွက် နယ်မြေ သတ်မှတ်ရေး ကိစ္စတွေကို ဆက်ပြီး ဆောင်ရွက် သွားဖို့ရှိတယ်လို့ ကေအင်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ အတွင်း ရေးမှူးလည်းဖြစ် ၊ပြောရေး၊ဆိုခွင့်ရှိသူ လည်း ဖြစ်တဲ့၊ ဗဒိုစောဒေးဗစ်ထော က လောလောဆယ် အပစ်ရပ်ဖို့ ကိစ္စကိုပဲ ဆွေးနွေး တဲ့အတွက်ကြောင့်၊ ၄၅ ရက်အတွင်း မှာ ဆက်လက်ပြီး၊ဆွေးနွေး သွားဖို့ သဘောထား ရှိပါတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

၄၅ ရက်ဆိုတာက အချိန် အကြာဆုံး ကိုပြောတာ၊ ဒါထက် စောစော ဆွေးနွေးဖို့လည်း အကြောင်းရှိ တဲ့ အကြောင်း၊ နေရာချ တယ် ဆိုရင် ဘယ်နေရာတွေ ကို ကေအင်ယူ ဖက်က တောင်းဖို့ ရှိသလဲ ဆိုတော့ ဒီတပ်မဟာ ခရိုင်တွေအပေါ်မှာပဲ အခြေခံ ပါတယ်၊ နောက်တကြိမ် သွား ဆွေးနွေးနိုင်ဖို့ အတွက်၊ တပ်မဟာ ခရိုင်တွေ က နေပြီးတော့၊ သူတို့က ဒေသခံဖြစ်တဲ့၊ အတွက် ကြောင့်၊ ဒေသခံ တွေရဲ့ပြောပြချက် အပေါ်မှာပဲ၊ အကောင်အထည် ဖေါ်ပေးရ မှာလို့ ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒါ့ အပြင်၊ ကရင်ပြည်နယ် အထဲက အိုင်ဒီပီ ပြည်တွင်း ဒုက္ခသည်တွေ၊ သူတို့ ကျေးရွာ တွေကို ပြန်ပြီး၊ လုပ်ကိုင် စားသောက်နိုင်ရေး ကိစ္စ ၊ သူတို့ ရွာတွေအနားက မြေမြှုပ် မိုင်းတွေ ရှင်းလင်းရေး တွေအပြင်၊ မြန်မာနိုင်ငံသား ဖြစ်ရေးမှာ အခရာကျတဲ့ ၊နိုင်ငံသား စီစစ်ရေးပြားတွေ ကို ကေအင်ယူ မိသားစုတွေအပါအဝင်၊ ကေအင်ယူ ထိန်းချုပ် နယ်မြေတွေ က၊လူထုတွေ အမြန်ဆုံး ရရှိရေးကို အရင် ဆောင်ရွက်မှာဖြစ်ပြီး တော့၊ ထိုင်းဖက်နယ်စပ်မှာ ခိုလှုံ နေကြတဲ့၊ ဒုက္ခသည်တွေ မြန်မာ ဖက်ကို ပြန်နိုင် ရေး ကိစ္စ ကတော့၊ ကေအင်ယူနဲ့ အစိုးရ ကြား နောက်ထပ် ဆွေးနွေးပွဲတွေ ကနေ ဖြစ်လာမယ်လို့ ဗဒိုစောဒေးဗစ်ထောက ပြောသွားပါတယ်။