ပိတ်ဆို့မှု ရုပ်ဖို့ စဉ်းစားမယ်လို့ ကန်အမတ်ပြော

  • 20 ဇန်နဝါရီ 2012
မက်ကိန်း ဓာတ်ပုံ မူပိုင် AP
Image caption မက်ကိန်းဟာ အမတ် လေးယောက်နဲ့ အတူ မကြာခင် မြန်မာ နိုင်ငံကို လာမည်

မြန်မာ နိုင်ငံမှာ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ် တရားမျှတတယ် ဆိုလျင် အမေရိကန်ရဲ့ မြန်မာ နိုင်ငံကို ဒဏ်ခပ် ပိတ်ဆို့မှုဟာ စပြီး ရုပ်သိမ်းလာနိုင်တယ်လို့ အထက် လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အစိုးရက နိုင်ငံရေး အ ကျဉ်းသားတွေကို လွှတ်ပေးပြီးနောက် တရက် ထဲမှာ အမေရိကန်က မြန်မာနဲ့ သံတမန် အဆင့် ပြန်မြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။

အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းဟာ ဂျိုးလီဘာမင်း အပါအဝင် နောက်ထပ် အထက် လွှတ်တော် အမတ် နှစ်ယောက်နဲ့ အတူ မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။

ဂျိုးလီဘာမင်းဟာ ဗီယက်နမ်ကနေ မြန်မာကို လာမှာ ဖြစ်ပါတယ်။