အပစ်ရပ် သဘောတူညီချက် KNU ရှင်းလင်း တင်ပြ

KNU
Image caption ကေအင်ယူစစ်ဦးစီးချုပ် က အပစ်ရပ် စာချုပ် လက်မှတ်ထိုးခဲ့တာနဲ့ပတ်သက်လို့ ဒေသခံကိုရှင်းပြ

KNU နဲ့ အစိုးရ အပစ်ရပ် စာချုပ်နဲ့ ပတ် သက်ပြီး တပ်မဟာ ၇ ထိန်းချုပ် ဒေသက ကရင် လူထုကို ကရင် အမျိုးသား အစည်း အရုံး ခေါင်းဆောင်တွေက သူတို့ဆောင် ရွက်ချက် တွေကို တင်ပြ ကြပါတယ်။

ကေအင်ယူနဲ့ အစိုးရ ကိုယ်စားလှယ်တို့ ဒီနှစ် ဆန်းမှာ အပစ်ရပ် သဘောတူညီချက်ကို လက် မှတ် ရေးထိုးခဲ့ပါတယ်။

အစိုးရနဲ့ လောလောဆယ် နားလည်မှု တည် ဆောက်တဲ့ အဆင့်မှာပဲ ရှိသေးပြီး ငြိမ်းချမ်းရေး မရသေးဘူး ဆိုတာကို ကရင် လူထုကို ရှင်းပြခဲ့တယ်လို့ ကေအင်ယူ ငြိမ်းချမ်းရေးဖော်ဆောင် ရေး အဖွဲ့ ဘားအံ ခရိုင် ဥက္ကဌ စော အောင်မော်အေးက ဘီဘီစီကို ပြောပြပါတယ်။

လောလောဆယ် အိုင်ဒီပီ ရွာပုန်း ရွာရှောင်တွေ အရေးကို ဦးစားပေး လုပ်သွားမယ်လို့ သူက ပြောပြီး နိုင်ငံရေး သဘောတူညီမှုတွေရပြီးလျင် ထိုင်းက ဒုက္ခသည်များအရေးကို ဆက်လက် ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

အရပ်သားတွေကတော့ အပစ်ရပ်ရေးဟာ ကတိ သစ္စာ ရှိရှိနဲ့ အောင်မြင်မယ်ဆိုလျင် ကြို ဆိုတယ်၊ ကိုယ့် ရပ်ရွာပြန် လုပ်ကိုင် စားသောက်လို့ ရမှာ ဖြစ်တယ်လို့ အရပ်သား တချို့က ဘီဘီစီကို ပြောပြပါတယ်။

ကေအင်ယူ စစ်သားတွေကလည်း တိုက်ခိုက်နေတာ နှစ်ပေါင်း များစွာ ကြာနေပြီး ပြည်သူ တွေလည်း ဒုက္ခ ရောက်ရကြောင်း၊ အပစ်အခပ် ရပ်စဲပြီး နိုင်ငံရေး လမ်းကြောင်းပေါ် တွေ့ဆုံ ဆွေးနွေးမယ်ဆို ဝမ်းသာကြောင်း၊ ဒါပေမယ့် ခု အစပဲ ရှိသေးတယ်လို့ ပြောပါတယ်။