အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော် ပြန်စ

  • 26 ဇန်နဝါရီ 2012
parliament
Image caption အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွေ ဒီနေ့ ပြန်စမည်

ဒီကနေ့မှာ အမျိုးသားနဲ့ ပြည်သူ့ လွှတ် တော် အစည်းအဝေးတွေ ပြန်စမှာ ဖြစ် ပါတယ်။

ဆယ်စုနှစ်ပေါင်း များစွာ လွှတ်တော် နိုင်ငံရေး မရှိခဲ့တဲ့အတွက် မနှစ်က ဒီလို အချိန်မှာ လွှတ် တော်ကို ပြန်လည် ဖွင့်လှစ်ခဲ့ရာမှာ စိတ်ဝင် စားမှု အထိုက်အလျောက် ရှိခဲ့ပါတယ်။

မနှစ်က ၂၀၁၁ ခုနှစ်မှာ လွှတ်တော်မှာ ပြဌာန်း ခဲ့တဲ့ ထင်ရှားတဲ့ ဥပဒေတွေကတော့ အမြတ်ခွန် ဆိုင်ရာ ဥပဒေတွေ ဖြစ်ပြီး အကျိုးဆက် အဖြစ် ပြည်ပမှာ အလုပ် လုပ်နေတဲ့ မြန်မာ နိုင်ငံ သားတွေ အခွန် သက်သာအောင် လုပ်ဆောင်ခဲ့တာတွေ ရှိသလို လူ့အခွင့် အရေး လေ့လာ စုံစမ်းရေး အဖွဲ့ဖွဲ့တာ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ထဲမှာ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

နောက်တခါ အလုပ်သမား သမဂ္ဂ အသင်းအဖွဲ့တွေ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဥပဒေ ပြဌာန်း တာတွေရှိပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်မှု ဘယ်လောက် ရှိမရှိကတော့ စောင့်ကြည့် ရမှာ ဖြစ်တယ်လို့ နယူးယောက် အခြေစိုက် burmatoday.net အွန်လိုင်း သတင်း စာမျက်နှာ အယ်ဒီတာ ဦးမြင့်လှိုင်က ပြောပါတယ်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေ အနေ တိုးတက် ကောင်းမွန်မှု ရှိတာကြည့်ခြင်းဖြင့် ပြောခဲ့တဲ့ လွှတ်တော်တွင်း ပြုပြင် ပြောင်းလဲမှုတွေကြောင့် တိုးတက်မှုတွေ ရှိတာ ပြောနိုင်တယ်လို့ ဦးမြင့်လှိုင်က ပြောပါတယ်။

လူ့အခွင့်အရေး စုံစမ်းရေး အဖွဲ့ ဖွဲ့ပေမယ့် ကချင် ပြည်နယ်ဘက်မှာ လူ့အခွင့်အရေး ချိုး ဖောက်တဲ့ ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေ ဆက်ရှိနေ့ပါတယ်။

ဒီနှစ် လွှတ်တော်မှာ အရင် လွှတ်တော်ထဲ ဝင်ဖို့ ကန့်ကွက် ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဝင်လာနိုင်စရာ ရှိတာမို့ လူတွေရဲ့ စိတ်ဝင်စားမှု ပိုလာနိုင်တယ်လို့ ခန့်မှန်း နေကြ ပါတယ်။

ဒီနေ့ လွှတ်တော် အစည်းအဝေး ပြန်စတဲ့ အခါ အစိုးရ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ဆွေး နွေးစရာ ရှိပါတယ်။