ရခိုင်မှာ သစ်တော စိုက်ဖို့ ဆိုပြီး လယ်ဧက ၈ဝဝ သိမ်း

  • 28 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ပျိုးထုံးတွေနဲ့ မြန်မာ လယ်သမားကြီး

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ဗလိညို ကျွန်းပေါ်က လယ်သမား ၄၀ ခန့် လုပ်ကိုင် စားသောက်နေတဲ့ လယ်ဧက ၈၀၀ နီးပါးခန့်ကို သစ်တောဌာနက သစ်ပင်တွေ စိုက်ပျိုးမယ်ဆိုပြီး လယ်တွေကို ဖျက်ဆီးပစ်နေတဲ့ အတွက် ပြဿနာတွေ ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

အဲဒီ ကျွန်းပေါ်မှာ နေရင် ထောင်ခြောက်နှစ်ချမယ်လို့ ခြိမ်းခြောက် ခံနေရကြောင်း ဒေသခံ လယ်သမားတွေက ပြောပါတယ်။

လယ်သမားတွေက အဲဒီကျွန်းမှာ စပါးစိုက်နိုင်အောင် တာတမံတွေကို ဆည်ဖို့ထားရတာ ဖြစ်ပေမယ့် အခုလို လယ်တွေကို ဖျက်ဆီးပစ်တာဟာ ပုဇွန်မွေး သမားတွေဆီက ပိုက်ဆံ ယူပြီး ပုဇွန်ကန်တွေ လုပ်ဖို့ သိမ်းတာ ဖြစ်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျောက်ဖြူ ခရိုင် သစ်တော ဌာနကို မေးကြည့်တော့ ပြဿနာ ဖြစ်နေတဲ့ ဗလိညိုကျွန်းဟာ ဝန်ပိုက်ကြိုးဝိုင်းထဲ ပါနေတဲ့ အတွက် လာမယ့် မိုးတွင်းမှာ သစ်ပင် စိုက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ကျွန်းပေါ်က လယ်မြေတွေ ပျက်စီးသွားတယ်လို့ ကြားတာကြောင့် ဒါတွေကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တခု စေလွှတ်လိုက်ပြီလို့ သစ်တော ဌာနက တုန့်ပြန် ပြောဆိုကြောင်း သတင်းရ ရှိပါတယ်။