ဖောက်ကလင် အရေး ဗြိတိန်၊ အာဂျင်တီးနား အငြင်းပွား

  • 27 ဇန်နဝါရီ 2012
Falklands ဓာတ်ပုံ မူပိုင် AFP
Image caption ဖောက်ကလင် အရေး ကန့်ကွက် ဆန္ဒပြသူများ

ဖောက်ကလင်ကျွန်းကကို အာဂျင်တီးနား နိုင်ငံက သူတို့ရဲ့ ကိုလိုနီလို သဘောထား နေတယ် ဆိုတဲ့ ဗြိတိန် ဝန်ကြီး ဒေးဗစ် ကင်မရွန်ရဲ့ ပြောကြားချက်ကို အာဂျင်တီးနား အထက် လွှတ်တော်က ပယ်ချလိုက်ပါတယ်။

မဲလ်ဗီးနပ်စ်လို့ အာဂျင်တီးနားက ခေါ်ဝေါ်တဲ့ ဒီဖောက်ကလင် ကျွန်းတွေ ပြန်ရဖို့ သံတမန်ရေး အရ ကြိုးပမ်းမယ်လို့ အထက် လွှတ်တော် အမတ်တွေက အခိုင်အမာ ပြောပါတယ်။

၁၉ဂ၂ ခုနှစ်တုန်းက ဗြိတိန်ပိုင် ဖောက်ကလင်ကျွန်းတွေနဲ့ ပတ်သက်လို့ အာဂျင်တီးနားက သူတို့ပိုင် ဖြစ်တယ် ဆိုပြီး နှစ်နိုင်ငံ စစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။