သဘာဝ ဓါတ်ငွေ့ကို ပြည်တွင်းမှာဘဲ သုံးမယ်လို့ စွမ်းအင် ဝန်ကြီးပြော

  • 27 ဇန်နဝါရီ 2012
Image caption သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းတွေ

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် နောက်ပိုင်း ဆောင်ရွက်မယ့် သဘာဝဓါတ်ငွေ့ စီမံကိန်းတွေက ထွက်လာတဲ့ ဓါတ်ငွေ့တွေကို ပြည်တွင်းမှာဘဲ သုံးစွဲမှာ ဖြစ်တယ်လို့ ပြည်ထောင်စု စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်း တခုမှာ ပြောလိုက်ပါတယ်။

တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ လက်ရှိ သဘောတူထားတဲ့ စွမ်းအင် ရောင်းချမှုတွေကိုလည်း ဆက် လုပ်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

BP ရေနံကုမ္ပဏီကြီး ရဲ့ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့ ကုဗပေ ၁၂ ထရီလီယံ နီးပါးရှိပြီး မြန်မာ စွမ်းအင် ဝန်ကြီး ကတော့ ဒီထက်နှစ်ဆလောက် ပိုထွက် နိုင်တယ်လို့ ဆိုပါတယ်။