မြန်မာ့မီဒီယာ တိုးတက်ရေး ဆွေးနွေးပွဲ ပြီးဆုံး

  • 31 ဇန်နဝါရီ 2012
Media ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ့မီဒီယာ ပိုပြီး လွတ်လပ် လာဖို့ ဆွေးနွေး သူတွေက အကြံပေး

မြန်မာ နိုင်ငံမှာ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး နဲ့ ပတ်သက်တဲ့ ၂ ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့ အင်းယားကန် ဟိုတယ်မှာ ဒီကနေ့ ကျင်းပ ပြီးစီး ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ အစည်းဝေး ကို မြန်မာ အစိုးရရဲ့ အစီအစဉ်နဲ့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ဌာနတွေ၊ မီဒီယာ အကြောင်း ကျွမ်းကျင် သူတွေ တက်ရောက် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေး ပွဲမှာ အားလုံး ကိုယ့်အမြင် အယူအဆ တွေကို လွတ်လွတ် လပ်လပ် အပြန်အလှန် ဆွေးနွေးခွင့် ရခဲ့ပြီး၊ နိုင်ငံခြား သတင်းဌာန အကြီး အကဲ တွေနဲ့ မြန်မာ နိုင်ငံ စာပေ စိစစ်ရေးက အရာရှိတွေ အတူ ယှဉ်တွဲပြီး ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အစည်းဝေးမှာ စာတမ်း တစောင် တင်သွင်း ဖတ်ကြားခဲ့တဲ့ Living Colour Media က ဒုတိယ အယ်ဒီတာချုပ် ဦးဇေယျသူ က ပြောပါတယ်။

တကယ်တမ်းမြန်မာနိုင်ငံမှာမီဒီယာဖွံ့ဖြိုးတိုးတက်ဖို့အတွက် မီဒီယာဥပဒေ တရပ်ရှိဖို့ လိုသလား ဆိုတာနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာ ဒီအကြောင်း အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးခဲ့ ကြတာတွေ ရှိတယ်လို့ ဦးဇေယျသူ ဆိုပါတယ်။

အခု ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ ကနေ ဒီထက်ပိုပြီး လွတ်လပ်တဲ့ နောက်ထပ် ဆွေးနွေးပွဲ မျိုးတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ကြောင်း လည်း သူက ပြောပါတယ်။

ဆွေးနွေးပွဲ ရဲ့ ရလာဒ်တွေကို မြန်မာ နိုင်ငံမှာ မီဒီယာ ဥပဒေ ရေးဆွဲတဲ့ အခါ ထည့်သွင်း စဉ်းစားမယ် လို့လည်း ဆိုပါတယ်။