မွန်ပြည်သစ်နဲ့ ငြိမ်းချမ်းရေး သဘောတူ

  • 1 ဖေဖော်ဝါရီ 2012
mon_ceasefire
Image caption မွန်ပြည်သစ်နဲ့ အစိုးရ ပြည်နယ်ဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူ

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ မွန်ပြည်သစ်ပါတီနဲ့ အစိုးရပြည်နယ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကြား ပဏာမ သဘောတူညီချက်ရခဲ့ပါတယ်။

၂၀၁၂ ဗုဒ္ဓဟူးနေ့ မနက်က မော်လမြိုင် ကမ်းနား ဟိုတယ်မှာ ဆွေးနွေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေး၊ ပြည်ထောင်စု အဆင့် ဆွေးနွေးရန် ကိုယ်စားလှယ် အဖွဲ့ ဖွဲ့ပေးရေး၊ နေရာ အချိန် ညှိနှိုင်းရေး၊ ဆက်ဆံရေး စခန်း ထားရှိရေး စတဲ့ အချက် ၅ ချက် သဘောတူညီခဲ့ပါတယ်။

မွန်ပြည်သစ်ဘက်က ဒုဥက္ကဋ္ဌ နိုင်ရောစ ဦးဆောင်ပြီး အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း၊ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အခြားဝန်ကြီးတွေ ပါပါတယ်။

မွန်ပြည်သစ် ဗဟိုကော်မတီကို ခွင့်ပြုချက် တောင်းပြီး ဖေဖော်ဝါရီ တတိယပတ်မှာ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။