ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲနဲ့ KNPP ဆွေးနွေး

  • 6 ဖေဖော်ဝါရီ 2012
ဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် မီရထားဝန်ကြီး ဦးအောင်မင်း
Image caption ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း နဲ့ KNPP ကရင်နီ တိုးတက်ရေး ပါတီ တို့ ချင်းမိုင် မှာ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးအတွက် နေရာ နဲ့ နေ့ရက်တို့ကို ဆွေးနွေး ကြတယ်လို့ KNPP အတွင်းရေးမှူး ဦးခူးဦးရယ်က ဘီဘီစီကို ပြောပါတယ်။

လာမယ့်မတ်လဆန်းပိုင်းမှာ လွိုင်ကော်မှာ ဆက်လက် ဆွေးနွေးဖို့များတယ်လို့သူက ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အပစ်ရပ်ရေး လက်မှတ်ရေးထိုးဖို့ အစိုးရဘက်က မျှော်လင့်နေပါတယ်။

အခုအခါ တဖက်နဲ့တဖက် ကြိုးကြား တိုက်ခိုက်မှု အချို့ရှိနေပြီး မြန်မာ အစိုးရ တပ်တွေရဲ့ လှုပ်ရှားမှု ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

အခုငြိမ်းချမ်းရေး ဆွေးနွေးမယ့် ကိစ္စမှာတော့ KNPP ထဲမှာ တသဘောထဲ ရှိကြတယ် လို့ ပြောပါတယ်။

ဦးအောင်မင်းနဲ့ အဖွဲ့ဟာ NLD LA အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နဲ့ FDB မြန်မာနိုင်ငံ ဒီမိုရက်တစ်အင်အားစု တွေ နဲ့ လည်း သီးခြားစီ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ပြည်တွင်း က နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအတွက် နှစ်ဖက် အမြင်တွေ ဖလှယ်ခဲ့တယ် လို့ NLD LA ဗဟိုအလုပ်အမှုဆောင် ဦးမိုးဇော်ဦး က ပြော ပါတယ်။

ဒါ့အပြင် ပြည်ပအခြေစိုက် သတင်းဌာနတွေဖြစ်ကြတဲ့ ဧရာဝတီ၊ မဇ္ဇျိမ ၊ ဒီဗွီဘီ စတဲ့ သတင်းဌာနက တာဝန်ရှိသူတွေ နဲ့ လည်း ဦးအောင်မင်းက တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေး အခြေအနေ တွေကို ပြောပြ ခဲ့ ပါတယ်။