ဝန်ထမ်းလစာတွေ တိုး ပေးဖို့ လွှတ်တော် က အတည်ပြု

  • 7 ဖေဖော်ဝါရီ 2012
parliament
Image caption မြန်မာလွှတ်တော် ကျင်းပစဉ်

ဝန်ထမ်း လစာတွေ ကို တိုးပေးဖို့ အစိုးရ ကို တိုက်တွန်း သွားမယ် ဆိုတဲ့ အဆို ကို နေပြည်တော် မှာ လုပ်နေတဲ့ ပြည်ထောင်စု လွှတ်တော် က အတည်ပြု လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း က လူတွေ ဂုဏ်သိက္ခာ နဲ့ အညီ နေထိုင် စားသောက်နိုင်ရေး အတွက် နိုင်ငံသား တွေ၊ ဝန်ထမ်းတွေ ရဲ့ လစာငွေ ကို တိုးမြှင့်ပေးဖို့ လိုအပ်တဲ့ အကြောင်း ပြည်ထောင်စု လွှတ်တော် ကို အဆိုတင်သွင်း ခဲ့ပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော် ကလည်း ဒီ အဆို ကို ထောက်ခံ အတည်ပြု လိုက်ပါတယ်။

ပြည်ထောင်စု လွှတ်တော် က အတည်ပြု လိုက်ပြီ ဖြစ်တဲ့ အတွက် အစိုးရ က လာမယ့် ဘဏ္ဍာရေး နှစ် အစ က စပြီး ဝန်ထမ်းတွေ ရဲ့ လစာ တွေ ကို တိုးပေး တော့မယ် လို့ လွှတ်တော် အမတ် တွေ က မှန်းဆ နေပါတယ်။

ဘယ်လောက်တိုးမယ် ဆိုတာ တော့ လွှတ်တော် အတွင်း ဆွေးနွေးမှု တွေ မှာ မပါဝင်ပါဘူး။

အခု ဝန်ထမ်းတွေ လစာ တိုး မယ့် သတင်း ဟာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ် ခါနီး ကာလ မှာ ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။