နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2012 - 17:56 GMT

တိုင်ရီ စက်ရုံ ဆန္ဒပြမှု ဆက်ဖြစ်နေဆဲ

workers

မကြာသေးခင် နှစ်တွေ အတွင်း အလုပ်သမား ဆန္ဒပြမှု တွေ မကြာခဏ ဖြစ်ပေါ်ခဲ့

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်က တိုင်ရီ ဖိနပ်ချုပ် စက်ရုံမှာ အလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြနေ ကြတာ သုံးရက် ကြာပြီ ဖြစ်ပေမယ့် အခုထိ အလုပ်ရှင်နဲ့ ပြေလည်မှု မရသေး ပါဘူး။

တရုတ်နှစ်သစ်ကူး ကာလ တုန်းက အလုပ်ရှင် က သူ့သဘောနဲ့သူ စက်ရုံကို ပိတ်လိုက်တဲ့ ရက်တွေအတွက် လခပေးဖို့ အလုပ်သမား တွေဖက်က တောင်းဆို နေကြ တာပါ။

အလုပ်ရှင်ဖက်က အလုပ်သမားတွေကို ရက်မှန်ကြေး ၁၀၀၀ ပေးမယ်လို့ဆိုပြီး သုံးရက်အတွင်း အလုပ်ပြန်ဆင်း ခိုင်းနေတယ်လို့ ဆန္ဒပြ နေတဲ့အလုပ် သမား တွေက ပြောပါတယ်။

တကယ်လို့ အလုပ်မဆင်းရင် စက်ရုံက ထုတ်ပစ်မယ် လို့လည်း ခြိမ်းခြောက် ခဲ့တယ်လို့ အလုပ်သမ တဦးက ပြောပါတယ်။

အလုပ်သမား တွေ ဘက်ကတော့ ဒါကို လက်မခံဘဲ ဆက်လက် ဆန္ဒပြမယ် လို့ ဆိုနေ ပါတယ်။

ဒီကိစ္စမှာ အလုပ်သမား ခေါင်းဆောင်တွေ အဖြစ် ကြားဝင် ဆွေးနွေး ပေးနေသူ တွေဟာ လည်း အလုပ်ရှင် ဖက်က လူတွေသာ ဖြစ်တယ်လို့ အလုပ်သမားတွေ ဖက်က ပြောပါတယ်။

အရင် အတွေ့အကြုံတွေ အရ တကယ့် အလုပ်သမား ကိုယ်စားလှယ် တွေ သွားပြီး ဆွေးနွေး ခဲ့ရာမှာ အလုပ် ရှင်က ထုတ်ပစ် ဘူးတာကြောင့်၊ ကိုယ်စား လှယ် အစစ်အမှန်တွေ မသွားရဲ ကြဘူး လို့ သူတို့က ဆိုပါတယ်။

ဒီကိစ္စကို လှိုင်သာယာ အလုပ်သမား ဌာနက လာရောက် ဖြေရှင်းပေး နေပေမယ့် အခုချိန် အထိတော့ မပြေလည်နိုင် သေးဘဲ ဖြစ်နေ ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။