အရှင် ဂမ္ဘီရအား သက်ဆိုင်ရာမှပြန်လွှတ်

  • 10 ဖေဖော်ဝါရီ 2012
အရှင်ဂမ္ဘီရ ဓာတ်ပုံ မူပိုင် Reuters
Image caption အရှင်ဂမ္ဘီရ

၂၀၀၇ သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို သောကြာနံနက်လင်းအားကြီးအချိန်က သာသနာရေး ဌာနအပါအဝင် အာဏာပိုင်တွေက ကားသုံးစီးနဲ့ ခေတ္တ သတင်းသုံးတဲ့ လယ်တီ ဝိပဿနာ ကျောင်းကနေခေါ်ဆောင်သွားပါတယ်။

ဆရာတော်ရဲ့အကိုဖြစ်သူက တိုင်းရုံးအပါအဝင် အာဏာပိုင်အဖွဲ့အစည်းတွေကိုစုံစမ်းလို့မရဘူးလို့ပြောပါတယ်။

ည၉နာရီလောက်မှာတော့ ကျောင်းကိုပြန်ရောက်လာတယ်လို့အရှင် ဂမ္ဘီရက ဖုံးဆက်လာကြောင်း ဆရာတော်ရဲ့ အမခင်သူဌေးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၃ရက်နေ့ရက်နေ့က ပြန်လွတ်လာတဲ့အရှင်ဂမ္ဘီရကို မဂ္ဂင်ကျောင်းတိုက်အား ချိပ်ပိတ်ထားတာ ဝင်ရောက်နေထိုင်မှုနဲ့ သံဃာ့မဟာနာယက အဖွဲ့ကသုံးကြိမ်တိုင် ခေါ်ပေမယ့် သွားမတွေ့တဲ့အတွက် သက်ဆိုင်ရာက ခေါ်ယူတာဖြစ်မယ်လို့ ဆရာတော်ဦးဣဿရိယက ဘီဘီစီကို ပြောအပါတယ်။

အရှင်ဂမ္ဘီရက မဟနဆရာတော်ကြီးတွေနဲ့တွေ့ခဲ့ရပြီး ဘယ်မှာတွေ့ရတယ် ဆိုတာတော့ အသေးစိပ်မသိရသေးပါဘူး။

မွန်းလွဲပိုင်းမှာတော့ ကျောင်းချိပ်ပိတာကို ပြန်ဖွင့်ပေးလိုက်တယ်လို့ မဂ္ဂင်ကျောင်း ဆရာတော် ဦးဣန္ဒိက ကဘီဘီစီကို မိန့်ကြားသွားပါတယ်။