သတင်းစာဆရာများအသင်း ဖွဲ့ဖို့ပြင်

  • 17 ဖေဖော်ဝါရီ 2012
Journals ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျာနယ်အများအပြား ထွက်နေသလို သတင်းစာဆရာတွေလည်း ပိုများလာ

မြန်မာနိုင်ငံမှာ သတင်းစာ ဆရာများ အသင်း၊ စာရေးဆရာများ အသင်းနဲ့ ထုတ်ဝေသူ အသင်းတွေ ဖွဲ့ဖို့ ပြင်ဆင်နေကြပါတယ်။

သတင်းစာ ဆရာများ အသင်း ဖွဲ့တဲ့အခါ လက်ရှိ ရှိပြီးသား အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ မြန်မာနိုင်ငံ စာပေ နှင့် စာနယ် ဇင်း အဖွဲ့ထက် ပိုမို လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ အနေအထား ရှိမယ်လို့ ဒီအသင်း ဖြစ်မြောက်ရေးမှာ ပါဝင်သူ တစ်ဦးဖြစ်တဲ့ သတင်းစာဆရာ ဦးကိုကို (စက်မှု တက္ကသိုလ်) က ပြောပါတယ်။

အခုနှစ် နှစ်လယ်လောက်ကျရင် ပေါ်ပေါက်လာဖို့အတွက် ပြင်ဆင် ဆောင်ရွက်နေကြောင်း စာပေနှင့် စာနယ်ဇင်း အဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးကိုကိုက ပြောပါတယ်။

စာပေနှင့် စာနယ်ဇင်းအဖွဲ့မှာက သတင်းစာဆရာအပြင် အခြား စာပေနယ်မှာ ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း၊ အခုဖွဲ့မယ့် အသင်းမှာတော့ သတင်းစာ ဆရာတွေ သီးသန့်ဖွဲ့မှာ ဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင်လို့ ပြောကြတဲ့ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးလာမှုနဲ့ အညီ ဒီလို အသင်းမျိုး ရှိဖို့ လိုကြောင်း သူက ပြောပါတယ်။