ကမ္ဘာ့ဘဏ် မြန်မာနဲ့ ပြန်လည် ဆက်ဆံမယ်

  • 17 ဖေဖော်ဝါရီ 2012
Image caption မြန်မာပြည်သူအားလုံးအတွက် အထောက်အကူ ဖြစ်ဖို့ ပြန်ဆက်ဆံတာ ဖြစ်တယ်လို့ပြော

နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဦးဆုံး အကြိမ် မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံ ဆောင်ရွက်မှုတွေ လုပ်တော့မယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။

ဒါဟာ မြန်မာပြည်သူအားလုံး အတွက် အကျိုး ကျေးဇူးဖြစ်ထွန်းမယ့် ပြန်လည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို ထောက်ပံ့ကူညီဖို့ အတွက် ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါ တယ်။

ဒါပေမယ်လို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အပေါ် တင်ရှိနေတဲ့ အကြွေးတွေကို ပြန်မဆပ်သ၍ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို ငွေချေးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မြန်မာအစိုးရ အသုံးစရိတ်တွေအပေါ် လေ့လာ သုံးသပ်မှာ ဖြစ်ပြီး၊ လူမှုအခြေပြု အဖွဲ့ အစည်းများရဲ့ လူမှု တိုးတက်ရေး လုပ်ငန်းတွေအတွက် ဆောက်ရွက်ပေးမယ်လို့ ပြောပါ တယ်။

နှစ်ပေါင်း ၅၀ လောက် စစ်တပ်ရဲ့ ကြီးစိုး အုပ်ချုပ်မှု ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အရပ်သားအစိုးရပုံစံ အစိုးရတက်လာပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ အများအပြား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။