ကန့်သတ်မှုတွေ အာဏာပိုင် ဖယ်ရှားလိုက်ပြီလို့ NLD ပြော

  • 21 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

မြန်မာ နိုင်ငံမှာ ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ မဲဆွယ် စည်းရုံးမှုတွေ အပေါ် ကန့်သတ်မှုတွေ ဖယ်ရှား ပေးလိုက်ပြီလို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်ဒီက ပြောပါတယ်။

မဲဆွယ်ဖို့ လူထု အစည်းအဝေးပွဲ ကျင်းပရအောင် နယ်တွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့် ရဖို့ မနည်း ကြိုးစား နေရပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိပါ့မလား ဆိုတာ မေးခွန်းထုတ် စရာ ဖြစ်နေတယ်လို့ အစောပိုင်းတုန်းက အန်အယ်ဒီက ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အန်အယ်ဒီရဲ့ ပြောဆိုချက် ထွက်လာပြီးတဲ့နောက် ထူးထူးခြားခြား အာဏာပိုင် တွေက လိုက်လျော ဖြည့်ဆည်း ပေးခဲ့တယ် လို့ သတင်းထောက် တွေက ပြောပါတယ်။

၂ဝ၁ဝ နိုဝင်ဘာလ တုန်းက အိမ်အကျယ်ချုပ်က လွတ်လာတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အရပ်သား အစိုးရလို့ ပြောင်းလဲ ခေါ်ဝေါ်နေတဲ့ လက်ရှိ အာဏာပိုင်တွေ အနေနဲ့ ပေးထားတဲ့ ဂတိ အတိုင်း ဒီမိုကရေစီ ရေးရာ ပြောင်းလဲမှုတွေ လုပ်ဆောင်ရဲ့လား ဆိုတာ ခုကျင်းပမယ့် ဒီကြားဖြတ် ရွေးကောက်ပွဲက သက်သေ ပြလိမ့်မယ်လို့ ဆိုပါတယ်။