ဧပြီ ရွေးကောက်ပွဲ လေ့လာသူ လက်ခံဖို့ စဉ်းစားမည်

  • 22 ဖေဖော်ဝါရီ 2012
election
Image caption ဧပြီ ရွေးကောက်ပွဲ အပြင်က လေ့လာ စောင့်ကြည်သူ ဝင်ခွင့် ပေးမပေး အစိုးရ စဉ်းစားမည်

မြန်မာ နိုင်ငံမှာ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် အာဆီယံ နိုင်ငံတွေက လေ့လာ စောင့်ကြည့်သူတွေကို ဝင်ခွင့်ပြု မပြု စဉ်းစားမယ်လို့ သမ္မတ ဦးသိန်းစိန်က အာဆီယံ အတွင်းရေးမှုး ချုပ်ကို ပြောလိုက်ပါတယ်။

အာဆီယံအဖွဲ့က လွှတ်တဲ့လေ့လာ စောင့်ကြည့် သူ ဒါမှမဟုတ် အာဆီယံ နိုင်ငံတွေက စောင့် ကြည့်သူတွေ လာရောက်ခွင့် ပြုကောင်းပြု နိုင်တယ်လို့ ဦးသိန်းစိန်က မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ အာဆီယံ အတွင်းရေးမှုးချုပ် ဆူရင် ပစ်စုဝမ်ကို ပြောလိုက်ပါတယ်။

ဒီလို ဝင်ခွင့်ပြုရင် မြန်မာ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု ရှိပုံကို ကမ္ဘာကသိပြီး အရင်ကထက် အထင်ကြီး လေးစာလာစရာ ရှိတယ်လို့ ဆူရင် ပစ်စုဝမ်က ပြောပါတယ်။

ပထမအကြိမ် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တဲ့ အင်အယ်ဒီ ပါတီလည်း ဧပြီလ ကြား ဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

အင်အယ်ဒီ နာယက ဦးတင်ဦးကတော့ လေ့လာ စောင့်ကြည့်သူတွေ လွှတ်ပေမယ့် ရွေး ကောက်ပွဲ တရား မျှတမှု ရှိမရှိကို စောင့်ကြည့် ရအုံးမယ်လို့ ပြောပါတယ်။