မြန်မာ လူ့အခွင့်အရေး ချိုးဖောက်မှု မလျော့

  • 25 ဖေဖော်ဝါရီ 2012
labor ဓာတ်ပုံ မူပိုင် chro chin
Image caption ချင်းပြည်နယ်က အဓမ္မ လုပ်အားပေး ခိုင်းစေမှု မြင်ကွင်း

မြန်မာနိုင်ငံမှာအစိုးရက ပြုပြင်ပြောင်းလဲ မှုတွေ ဖော်ဆောင်နေတယ် ဆိုပေမယ့် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ လျော့မသွား ဘူးလို့ လူ့အခွင့် အရေးလေ့လာ စောင့်ကြည့် ရေး အဖွဲ့က ပြောလိုက်ပါတယ်။

တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ် ရပ် သဘောတူညီချက်တွေ လက်မှတ် ရေးထိုး နေပေမယ့် နယ်စပ် ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အရင်အတိုင်းပဲလို့ လူ့အခွင့် အရေးအဖွဲ့က ဒေးဗစ် မက်သရီဆင်က ပြောပါ တယ်။

သူဟာ မကြာခင်က မြန်မာ နိုင်ငံကို သွားရောက်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အ ကြောင်း ကိုယ်တွေ့ ကြားသိခဲ့ရပါတယ်။

အထူးသဖြင့် ကချင် ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လက တိုက်ပွဲတွေ စဖြစ်ချိန်က စပြီး အိုးအိမ်ပစ် ထွက်ပြေးရသူ ခုနှစ်သောင်း ဝန်းကျင် ရှိသွားပြီလို့ ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲ မှာ ပြောပြခဲ့ပါတယ်။

တဘက်မှာ ရန်ကုန်လို မြို့ကြီး ပြကြီးတွေမှာတော့ လူ့အခွင့်အရေး ဖော်ဆောင်မှု အပိုင်းမှာ အပြောင်းအလဲ တချို့ တွေ့ရတယ်လို့ ဒီရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ US Campaign for Burma အဖွဲ့က ဂျနီဖာ ကွစ်ဂလီက ပြောပြပါတယ်။

အစိုးရ အဖွဲ့ထဲက လူတွေနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ စ စကား ပြောလာတာနဲ့ အမျှ နိုင်ငံရေး ပါတီတွေကို မဲဆွယ် စည်းရုံးခွင့် ပြုသလို မီဒီယာတွေကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်မှုတွေကို လျှော့ပေးတာတွေ ရှိပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေ စိုးမိုးမှု မရှိတာတွေ ဆက်တွေ့နေရတာဟာ မြန်မာ နိုင်ငံမှာ လွတ်လပ်တဲ့ တရား စီရင်ရေး စနစ် မရှိသေးတဲ့ အတွက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကို မကြာခင်က သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တောမတ်စ ကင်တာနားက ပြောခဲ့ပါသေးတယ်။

တဘက်မှာ နယ်စပ် ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း တွေ့ရပါတယ်။

ဒီဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိပ်မသိကြတာက ဒီနေရာတွေကို ကုလ သမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အလွယ်တကူ မသွားနိုင် ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခလေး စစ်သား စုဆောင်း တာတွေ၊ အစိုးရ စစ်တပ်က စစ်သားတွေကို မိရင် သတ်ပစ်တာတွေ လုပ်တယ်လို့ သတင်းတွေ ရပါ တယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။

နောက်တခါ ခု ဧပြီ ရွေးကောက်ပွဲမှာ အင်အယ်ဒီ ပါတီက လစ်လပ်နေရာ အားလုံး ရရင် တောင် လွှတ်တော်မှာ စစ်တပ်နဲ့ ကြံ့ဖွံ့ ကြီးစိုးထားမှုက ၈၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင် နှုန်းထိပဲ လျော့သွားမှာမို့ ဘာမှ ထူးခြား ပြောင်းလဲမှု ရှိမှာ မဟုတ်ဖူးလို့ သူက ပြောပါတယ်။

တဘက်မှာ ခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသရွေ့ အမေရိကန် အစိုးရက ဒဏ်ခပ် ပိတ်ဆို့မှု ရုပ်သိမ်းတာမျိုး မြင်လာရစရာ မရှိဘူးလို့ US Campaign for Burma က ဂျနီဖာ ကွစ်ဂလီက ပြောပြခဲ့ပါတယ်။