နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ရခိုင်မှာဆုတောင်း

  • 25 ဖေဖော်ဝါရီ 2012
Image caption လူငယ် (၃၀) ခန့်က တီရှပ်အင်္ကျီ ဆင်တူ ဝတ်ပြီး စက်ဘီးတွေနဲ့ မြို့ကိုပတ်ခဲ့ကြ

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် ရေး အတွက် ငြိမ်းချမ်းစွာ ဆုတောင်းပွဲ အခမ်းအနားကို စစ်တွေမြို့မှာ စနေနေ့ နေ့လည်က ပြုလုပ်ခဲ့ကြရာမှာ လူပေါင်း တစ်ရာကျော် ပူးပေါင်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆုတောင်းပွဲကို စစ်တွေမြို့ ဂြိတ်ဖက် ဘုန်းတော်ကြီး ကျောင်းမှာ ပြုလုပ်ခဲ့ တာ ဖြစ်ပြီး၊ လူပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ ပါတယ်။

အခမ်းအနားကို များမကြာမီက လွတ်မြောက်လာတဲ့ အရှင်ပညာစာရ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး သမားတွေ၊ စာပေ သမား တွေနဲ့ လူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ရဲသတင်းတပ်ဖွဲ့ဝင်တွေနဲ့ ထောက်လှမ်းရေးအဖွဲ့ဝင် ၁၅ ဦးခန့်က လာရောက် သတင်း ယူခဲ့ ပေမယ့် အနှောင့်အယှက် လုပ်တာတော့ မရှိဘူးလို့ သိရပါတယ်။

အခမ်းအနားမှာ ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ ရခိုင်ကျောင်းသား ၄ ဦးနဲ့ မြန်မာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးဖို့ အစိုးရကို တောင်းဆိုထားတဲ့ စာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ အကျဉ်းသားတွေ လွှတ်ပေးပါဆိုတဲ့ စာတန်းတွေ ရေးထိုး ထားတဲ့ တီရှပ် အင်္ကျီတွေကို ဆင်တူဝတ်ဆင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ လူငယ် (၃၀) ခန့်က တီရှပ်အင်္ကျီတွေကို ဆင်တူဝတ်ဆင်ပြီး စက်ဘီး ကိုယ်စီ စီးကာ မြို့ကိုပတ်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လူပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။