ကျပ်ငွေလဲနှုန်း ပြောင်းတော့မယ်

  • 6 မတ် 2012
kyat ဓာတ်ပုံ မူပိုင် Reuters
Image caption မကြာခင် ကျပ်ငွေ စျေးနှုန်းသစ် ကြေညာမယ်

မြန်မာ့ ငွေလဲလှယ် မှု နှုန်းထား ကို စျေးကွက်နဲ့ အညီ သတ်မှတ်ဖို့ ဆုံးဖြတ် တော့မယ်လို့ ဘလွန်းဘတ် ငွေကြေး သတင်း တပုဒ်အရ သိရပါတယ်။

ဒါဟာ စစ်အစိုးရ အဆက်ဆက် အောက်မှာ အနောက်နိုင်ငံတွေနဲ့ စီးပွားရေး ရင်းနှီး မြှုပ်နှံ မှုနဲ့ ကုန်သွယ်ရေး တွေမှာ အဟန့်အတား ဖြစ်ခဲ့တာ တခု ကို ကျော်လွှား နိုင်တော့မှာ လည်း ဖြစ်ပါတယ်။

မြန်မာ အာဏာပိုင်များက မကြာခင်မှာ ကျပ်ငွေ စျေးနှုန်း ပြောင်းလဲ သတ်မှတ်မှုကို ကြေညာ တော့မှာ ဖြစ်ပါတယ်။ ကျပ်ငွေကို အမေရိကန် တဒေါ်လာကို ၈ဝဝ ကျပ်နှုန်း တရားမဝင် သတ်မှတ်ခဲ့ တာထက် ပိုမတက် အောင် ထိန်းချုပ်နိုင်ဖို့ လည်း နည်းလမ်း ရှာဖွေ နေတယ်လို့ သိရပါတယ်။

ဒီလို ငွေလဲလှယ် နှုန်းထားကို အရှင် ထိန်းချုပ် လိုက်တာဟာ ၃၅ နှစ်တိုင်တိုင် တဒေါ်လာ ၆ ကျပ် ပြား ၄ဝ သတ်မှတ်ခဲ့တဲ့ အစိုးရ လဲလှယ်နှုန်းကို အဆုံးသတ် လိုက်တာလည်း ဖြစ်ပါ တယ်။

မတူညီတဲ့ ငွေလဲလှယ် နှုန်းတွေကို ပြုပြင်လိုက် လို့ရှိရင် မြန်မာပြည်ဟာ အာရှမှာ စီးပွားရေး အရ ရှေ့တန်းရောက် လာလိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က သုံးသပ် ခဲ့ပါတယ်။

ဝါရှင်တန် အခြေစိုက် Burma Fund အဖွဲ့က ဘဏ္ဍာရေး ပညာရှင် ဦးစိန်ဌေး ကလည်း နိုင်ငံ တကာ ငွေကြေး စျေးကွက်နဲ့ ချိတ်ဆက်ရာမှာ တခုထဲသော ငွေလဲနှုန်းကို မသွားခင် ကြား အဆင့် အနေနဲ့ ဒီလို ပညာရှင်တွေ ညှိနှိုင်း သတ်မှတ်တာ ဖြစ်မယ်လို့ သူ့အမြင်ကို ပြောကြား ပါတယ်။

ဒီလို ပြုပြင် ပြောင်းလဲမှုကြောင့် အကျပ်အတည်း ဖြစ်လာခဲ့ရင်လည်း နိုင်ငံတကာမှာ IMF က ကြားဝင် ကူညီလေ့ ရှိတယ်လို့လည်း သုံးသပ် ပြောကြား ပါတယ်။