တန်ဖဲရွာသားတချို့ သက်ဆိုင်ရာမှ ခေါ်သွား။

  • 6 မတ် 2012
_village_ ဓာတ်ပုံ မူပိုင် burmese
Image caption မြစ်ဆုံ မှာ စီမံကိန်း စတင်စဉ် က သဘာဝ ပတ်ဝန်းကျင် ကို ဂရုမစိုက် တော့ ပဲ ရွှေတူး ကြစဉ်

တခါ က ရွေ့ပြောင်းခြင်း ခံခဲ့ ရတဲ့ တန်ဖဲရွာ က ရွာသား တွေ ကို အာဏာပိုင် တွေ က လာရောက် ခေါ်ဆောင် သွားတယ် လို့ မျက်မြင် သက်သေ ရွာခံ တဦး ဖြစ်တဲ့ ကိုအောင် က ဘီဘီစီ ကို ပြောပြ ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီးတဲ့ နောက်ပိုင်းမှာ အရင်တုန်းက စီမံကိန်းနယ်မြေ နဲ့ မလွတ်ဘူးဆိုပြီး တန်ဖဲ ရွာ ကနေ ရွာသစ် ဖြစ်တဲ့ အောင်မြင်သာ ကျေးရွာ ဆီ ရွှေ့ပြောင်း ခြင်း ခံရသူ တွေ ဟာ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပါတယ်။

အင်္ဂါနေ့ ညနေ လေးနာရီ ခန့်မှာ ရဲတွေကနေ တအိမ်တက်ဆင်း ရှာဖွေပြီး ကား ၄ စီးတိုက်နဲ့ ရွာသား ၂ဂ ဦးကို ခေါ်ဆောင် သွားရာမှာ တန်ဖဲရွာ က နေ အရင် က မရွှေ့ပြောင်းသူ ခဲ့တဲ့ သူတွေ ရော၊ ရွှေ့ပြောင်းပြီးမှ ပြန်လာတဲ့ သူ တွေပါ၊ ပါဝင်သွားကြောင်း ရွာခံ ကိုအောင် က ရှင်းပြပါတယ်။

လာရောက် ခေါ်ဆောင်တဲ့ သူတွေထဲမှာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ် ရဲမှူး လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

နိင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းပြီ လို့ ကြေညာ ပြီးတဲ့ နောက်၊ တန်ဖဲ ရွာသားတွေ မိမိ တို့ ဇာတိ ကျေးရွာ ပြန်လာခြင်း အပေါ် မှာ ခေါ်ဆောင် သွား ခြင်းခံရတဲ့ အကြောင်းရင်း ကို မသိရသေးပေမယ့် ပြောင်းရွှေ့ခြင်း ခံရသူတွေဟာ သက်ဆိုင်ရာက လျော်ကြေး ပေးပြီးသားမို့ တန်ဖဲ ရွာဖက် ပြန်ပြောင်းလို့ မရဘူး လို့ ပြောသံ လည်း ကြားရ ကြောင်း ရွာခံ ကိုအောင် က ပြောပါတယ်။

တန်ဖဲ ရွာသားတွေဘက်က ပြောပြတာကလည်း ရွာသစ် မှာ လုပ်ကိုင်စားလို့ အဆင်မပြေတဲ့ အတွက် ဝမ်းရေးကြောင့် ဇာတိကျေးရွာဆီ ပြန်လာကြရတာ ဖြစ်တဲ့ အကြောင်း ရွာခံ ကိုအောင် က ရှင်းပြ ပါတယ်။