ကသာမြို့မ စျေးကြီးမီး

  • 7 မတ် 2012
yangon fire ဓာတ်ပုံ မူပိုင် AFP Getty
Image caption ရန်ကုန် စက်ဆန်း မီးလောင်စဉ် က

ကသာမြို့ က မြို့မစျေးကြီး ဗုဒ္ဓဟူးနေ့ မနက် အစောကြီးပိုင်း ၃ နာရီ လောက် မှာ မီးလောင် တဲ့ အတွက် တစျေးလုံး နီးပါး မီးထဲပါသွားပါတယ်။

စျေးကြီးထဲ က ဆိုင်ခန်းပေါင်း ၃၄၇ ခန်း မီးထဲပါသွားပြီး ဆိုင်ခန်း ၇၀ ကျော်လောက်သာ မီးဘေးက လွတ်ခဲ့ပါတယ် လို ကသာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး က ဘီဘီစီ ကို ပြောပါတယ်။

ပတ်ဝန်းကျင် က အိမ် ခြေ ၁၃ လုံးလည်း မီးလောင် ခံလိုက် ရပါတယ်။

မနက် ၈ နာရီ လောက်မှာ မီးညွှန့်ကျိုး ခဲ့ပေမယ့် ညနေ ၂ နာရီ ခွဲ လောက် ထိ မီးသတ် နေရဆဲ ပဲ လို့ ဒေသခံ တဦး က ပြောပါတယ်။

မီးဘေး ဒုက္ခသည် တွေ ကို မဟာလေးထပ် ဘုန်းကြီးကျောင်းမှာ သက်ဆိုင်ရာ က နေရာချထားပေးတယ် လို့ သိရပါတယ်။

အခုမီးလောင်သွားတာ ဟာ ဆိုင်ခန်းတွေဖြစ်လို့ ဆုံးရှုံး ပမာဏ များမယ် လို့ အများ က တွက်ဆ ကြပါတယ်။

ဆုံးရှုံးပမာဏ သေသေချာချာ ခန့်မှန်းချက် တွေ တော့ ထွက်ပေါ်မလာသေး ပါဘူး။