ကေအိုင်အိုနဲ့ အစိုးရ ရွှေလီမှာ ပြန်ဆွေးနွေး

  • 8 မတ် 2012

ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ကြာသပတေး နေ့က စတင်ပြီး ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် kachinnet
Image caption ကေအိုင်အိုနဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေကို ဇန်နဝါရီလက ပြုလုပ်ခဲ့စဉ်

အစိုးရ ဘက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှာ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ကိုယ်စား လှယ် အဖွဲ နဲ့ ကေအိုင်အို ဘက်က ဗဟို ကော်မီတီဝင် ဦးဆွန်လွတ်ဂမ် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ တရုတ် မြန်မာ နယ်စပ် တရုတ် နိုင်ငံ ဘက်ခြမ်း ရွှေလီမြို့မှာ ဆွေးနွေးခဲ့တာပါ။

ပထမနေ့ ဆွေးနွေးမှုတွေ ကို ညနေပိုင်းက ရပ်နားခဲ့ပြီး သောကြာနေ့မှာ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ပထမနေ့မှာ ကေအိုင်အို ဘက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ကို တင်သွင်း ထားခဲ့တဲ့ အဆင့် သုံးဆင့်ပါ စာတမ်းကို ဆွေးနွေး ခဲ့ ပါတယ်။

ဆွေးနွေးပွဲ အတွက် တစ်ရက်ကြိုပြီး ရွှေလီမြို့ကို ရောက်ရှိ နေခဲ့တဲ့ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့မှာ အဖွဲ့ဝင် (၁၇) ယောက် ပါရှိ ပါတယ်။

မြန်မာ အစိုးရက အခု လပိုင်းတွေ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အတော် များများနဲ့ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

အနောက်နိုင်ငံ များကလည်း ဆယ်စုနှစ်ပေါင်း များစွာ ရှိလာခဲ့တဲ့ လက်နက်ကိုင် တို င်းရင်းသား ပဋိ ပက္ခ တွေကို ဖြေရှင်းပြီး လက်ရှိ ပြုလုပ်နေတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ဆက် လုပ် မယ် ဆိုရင် ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှား ပေးမယ် လို့ ပြောဆိုခဲ့ကြပါတယ်။

လောလောဆယ် ကချင် ပြည်နယ် အတွင်းမှာ သူပုန် တွေနဲ့ အစိုးရကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတဲ့ အတွက် တရုတ် မြန်မာ နယ်စပ်က ယာယာယီ ဒုက္ခသည် စခန်းတွေကို ဒုက္ခသည်တွေ ထောင်နဲ့ ချီပြီး ထွက်ပြေး နေကြပါတယ်။