ဒဲရက် မစ်ချယ် ရန်ကုန်သွားမယ်

mitchell ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ဖူး

အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက် မစ်ချယ်ဟာ ကြားဖြတ် ရွေးကောက်ပွဲ ကိစ္စ၊ စစ်အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး တွေအတွက် အမေရိကန်ရဲ့ အားပေး ချီးမြှင့်မှု တွေကို ပြဖို့ မြန်မာပြည်ကို သွားမှာ ဖြစ်ပါတယ်။

ဒီ တနင်္ဂနွေ နေ့မှာ မြန်မာပြည်ကို တပတ်ကြာ သွားပြီး နေပြည်တော်မှာ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာပါ။

ရန်ကုန် မန္တလေး မြို့တွေကိုလည်း သွားပြီး အရပ်သား အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဆိုပါတယ်။

ဒေါ် အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် ဒီရွေးကောက်ပွဲမှာ တရားမျှတ သန့်ရှင်းမှုတွေ ရှိရင် အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေကို ရုပ်သိမ်း ပေးလာနိုင် ပါတယ်။