သတင်းထောက် သမဂ္ဂဖွဲ့ဖို့ ရန်ကုန်မှာ စည်းဝေး

Journals ဓာတ်ပုံ မူပိုင် AP
Image caption လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်ဖို့ သမဂ္ဂ ဖွဲ့ချင်တာ လို့ဆို

သတင်းထောက် သမဂ္ဂ တရပ်ကို ဖွဲ့စည်းဖို့ အတွက် မြန်မာ ပြည်တွင်း မှာ ရှိတဲ့ နာမည်ကြီး သတင်းဂျာနယ် တွေက သတင်းသမား တွေ မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

လွတ်လပ်စွာ ရေးသားခွင့် နဲ့ သတင်းသမား တွေကို ကာကွယ် စောင့်ရှောက်ရေး တို့အတွက် သတင်းထောက် သမဂ္ဂကို ဖွဲ့စည်းချင်တာ ဖြစ်တယ်လို့ ဒီလုပ်ငန်း စဉ်မှာ အဓိက ပါဝင် လှုပ်ရှားနေသူ ကိုဇော်သက်ထွေး က ပြောပါတယ်။

သူတို့ အဖွဲ့တွေအနေနဲ့ တရားစွဲခံရတဲ့ သတင်းသမား တွေကို ရှေ့နေငှားပေး တာမျိုး၊ စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးတာမျိုးတွေ လုပ်ပေး ချင်တယ်လို့ သူက ပြောပါတယ်။

သတ်မှတ် ထားတဲ့စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာ ဆောင်ရွက် မှာ ဖြစ်ပေမယ့် အစိုးရရဲ့ သြဇာလွှမ်းမိုးမှု ကင်းပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတရပ်ကို အင်အားရှိရှိ ထူထောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။

မြန်မာအစိုးရ ကျောထောက် နောက်ခံနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ကလည်း သတင်းစာဆရာများ အသင်းဆိုပြီး ပြောင်းလဲ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။

ကိုဇော်သက်ထွေးက သူတို့အနေနဲ့ ဒီအဖွဲ့အစည်းနဲ့ အပြိုင်အဆိုင် လုပ်နေတာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီအဖွဲ့အစည်းကို တရားဝင်မှတ်ပုံ တင်နိုင်ဖို့လည်း ဆောင်ရွက် သွားမယ်လို့ သူက ပြောခဲ့ပါတယ်။