CRPP အသွင်ပြောင်း ဖွဲ့မယ်

  • 12 မတ် 2012

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်း မှာ ရွေးကောက်ပွဲ ရလဒ် အကောင်အထည် ဖော်ရေးနဲ့ လွှတ်တော် ခေါ်ယူရေးတို့ အတွက် ရည်ရွယ် ဖွဲ့စည်းခဲ့တဲ့ CRPP စီအာပီပီ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီကို ဖျက်သိမ်းပြီး အသွင် သစ်နဲ့ ပြောင်းလဲ တော့မှာ ဖြစ်ပါတယ်။

Image caption လက်ရှိ ပြောင်းလဲလာတဲ့ အခြေ အနေ အရ ပြည် သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ ထား ဖို့ မဖြစ် နိုင်တော့

အခု အခြေ အနေဟာ စီအာ ပီပီ စတင် ဖွဲ့စည်းခဲ့တဲ့ အချိန် ၁၉၉၈ ခုနှစ်က လို မျိုး မဟုတ်တော့ဘဲ ပြောင်းလဲ သွားပြီဖြစ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ အနေနဲ့ ဆက်နေဖို့ မဖြစ်နိုင် လို့ ပြောင်းလဲ ဖွဲ့ဖို့ ဆုံးဖြတ် ခဲ့တာလို့ စီအာပီပီ အထွေထွေ အတွင်း ရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

အဖွဲ့သစ် ရဲ့ ရည်ရွယ်ချက်တွေက လူ့ အခွင့် အရေး တိုးတက် ကောင်းမွန် စေဖို့၊ ဒီမိုကရေစီ အခွင့် အရေးတွေ တိုးတက် ကောင်းမွန် လာစေဖို့၊ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်လာစေဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး တန်းတူညီတူ ပြည်ထောင်စု ဖော်ဆောင်ဖို့ စတာတွေ ဖြစ်သင့်တယ်လို့ ဆွေးနွေး ခဲ့ကြကြောင်း သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်ပုံကို ပြင်ဆင်ဖို့ ဆိုတဲ့ နေရာမှာ တကယ့် ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ဆက်စပ်မှု ရှိပြီး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာဟာ လည်း တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးနဲ့လည်း ဆက်စပ် တာကြောင့်ဒါတွေကို အကောင်အထည် ဖော်ဖို့ရာ ၂၀၀၈ ဖွဲ့စည်းပုံကို မဖြစ် မနေ ပြင်မှ ဖြစ်မယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ စီအာပီပီမှာ ပါတဲ့ တိုင်းရင်းသား လေးပါတီတို့ ဆွေးနွေးပွဲ ပြုလုပ် အပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။

သူတို့ နောက်ဆုံး တွေ့ဆုံ ခဲ့ကြစဉ် ဒေါ်အောင်ဆန်းစုကြည်က စီအာ ပီပီ အဖွဲ့ ဖွဲ့စည်းတာ အကျိုးရှိကြောင်းနဲ့ ဒီအဖွဲ့ကို ဆက်လက် ပြီး လက်တွဲ ဆောင်ရွက် သွားလိုတယ်လို့ ပြောခဲ့ကြောင်းလည်း ဦးအေးသာအောင်က ပြောပါတယ်။

စီအာ ပီပီ တဖြစ်လဲ အဖွဲ့သစ် ဖြစ်လာတဲ့ အခါ မူလက အဲဒီ အဖွဲ့မှာ ပါဝင် ခဲ့တဲ့ တိုင်းရင်းသား ပါတီ တွေ အပြင် တခြား ပါတီတွေ လည်း ပါဝင်ဖို့ ရှိတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော် တွင်း နိုင်ငံရေး လုပ်နေချိန်မှာ တိုင်းရင်းသား တွေ ပါဝင်တဲ့ အဖွဲ့သစ်က လွှတ်တော် ပြင်ပ နိုင်ငံရေး လုပ် ကြမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီးမှာ အဖွဲ့သစ်ကို နာမည် ပေးမယ် လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။