ပယ်ချခံ ကိုယ်စားလှယ်လောင်းများ ကော်မရှင်ထံ တင်ပြ

election_commission ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အရာရှိများ

ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်း အဖြစ် လျောက်ထား ရာမှာ အပယ်ခံ ထားရသူတွေရဲ့ ပါတီတွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကို တင်ပြ နေကြတယ်လို့ သိရပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တို့က ကိုယ်စားလှယ်လောင်း တဉီးစီဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မပြည့်မီဘူး ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အပယ်ခံ ထားရပါတယ်။

မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်ကနေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စား လှယ်လောင်းအဖြစ် လျောက်ထားတဲ့ ဒေါ်စန္ဒာမြင့်ကို တိုင်းကော်မရှင်က ပယ်ထားတဲ့ အတွက် ဒီအကြောင်း ပြည်ထောင်စု ကော်မရှင်ဆီကို တင်ပြထားတယ်လို့ ပါတီ ပြောခွင့်ရ ဉီးဟန်ရွှေက ပြောပါတယ်။

ဒေါ်စန္ဒာမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဲဒီတုန်းကတော့ ကော်မရှင်က ခွင့်ပြုခဲ့ပါတယ်။

အခုလို အပယ်ခံရတဲ့အတွက် ကိုယ်စားလှယ်လောင်းအနေနဲ့ နောင် ရွေးကောက်ပွဲတွေ ဝင်ဖို့အတွက်ရော၊ သူ့ရဲ့ ဂုဏ်သိက္ခာအရရော ထိခိုက်စေတယ်လို့ ဉီးဟန်ရွှေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော အမှတ် ရ မဲဆန္ဒနယ်မှာ NLD ကိုယ်စားလှယ်လောင်း အဖြစ် လျောက်ထားတဲ့ ဉီးစောလှိုင်အပယ်ချ ခံထားရမှု ကိုလည်း မတ်လ ၁၂ ရက်နေ့မှာ အယူခံဝင်မယ်လို့ NLD ပြောခွင့်ရ ဉီးဉာဏ်ဝင်းက ပြောပါတယ်။

ဒါပေမယ့် အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ဝင်ပြိုင်နိုင်ဖို့ ဖြစ်နိုင်ခြေ နည်းသွားတဲ့ အတွက် NLD အနေနဲ့ အကုန်လုံး မပြိုင်နိုင်တော့ပဲ စုစုပေါင်း အမတ်နေရာ ၄၇ နေရာကနေပဲ ဝင်ပြိုင်ရမယ့် သဘောရှိပါတယ်။