ဝန်ထမ်းများ အပိုထောက်ပံ့ ကြေးလစဉ်ခံစားခွင့်ရမယ်

  • 14 မတ် 2012
ကျပ်သုံးသောင်းစီ ဝန်ထမ်းတွေရမှာဖြစ် ဓာတ်ပုံ မူပိုင် Reuters
Image caption ကျပ်သုံးသောင်းစီ ဝန်ထမ်းတွေရမှာဖြစ်

နိုင်ငံ့ဝန်ထမ်းများ စားဝတ်နေရေး သက်သာချောင်ချိဖို့အတွက် လစာအပြင် အပိုထောက်ပံ့ကြေး တဉီးကို ကျပ်သုံးသောင်း တိတိလစဉ်ခံစားခွင့်ပြုမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။ အလားတူ တပ်မတော် ဝန်ထမ်းများကိုလည်း လက်ရှိလစာအပြင် ကျပ်သုံသောင်း လစဉ်ခံစားခွင့်ပြုလိုက်ပါတယ်။

အစိုးရဌာနများနဲ့ အဖွဲ့အစည်းများရဲ့ တနေ့ ၈နာရီလုပ်ခ ၁၁၀၀ ကျပ်ကို အပို ၁၀၀၀ ဆောင်းပြီး တနေ့လုပ်ခ ၂၁၀၀ ရရှိမှာဖြစ်ပါတယ်။ အခုအပိုထောက်ပံ့ကြေးကိုလာမယ့် ဧပြီလ၁ရက်နေ့ကနေစတင် ခံစားခွင့်ပြုမှာ ဖြစ်ပါတယ်။

အခုရရှိတဲ့ ဝင်ငွေကို ဝန်ထမ်းတွေက ကျန်းမာရေးပညာရေးတွေမှာ သုံးမှာဖြစ်တယ်အတွက် ဝယ်နိုင်တဲ့အား အဖြစ်စျေးကွက်ထဲကို ချက်ချင်းရောက်လာမှာ မဟုတ်ကြောင်း ကုန်စျေးနှုန်း တက်တယ်ဆိုတာ များသောအားဖြင့် လောင်စာဆီလို သယ်ယူပို့ဆောင် စားရိတ်တက်တာက ပိုမြန်စေကြောင်း အငြိမ်းစားအခွန်ဝန်ထမ်း ဉီးဟန်ထွန်းက ဘီဘီစီကိုပြောသွားပါတယ်။