ထိုင်းရောက် မြန်မာ အလုပ် သမားတွေ နိုင်ငံကူး လက်မှတ် ရရေး

  • 15 မတ် 2012
Burmese Workers in Thailand
Image caption ထိုနိုင်ငံမှာ မြန်မာ အလုပ်သမား သိန်းနဲ့ချီ ရှိနေ ပါတယ်။

ထိုင်းနိုင်ငံက မြန်မာ အလုပ်သမား တွေကို နိုင်ငံသား စိစစ်ပြီး ယာယီ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးဖို့ ဘန်ကောက် အပါအဝင် မြို့ကြီး ၅ မြို့မှာ ရုံးသစ် ဖွင့်ပြီး လုပ်ပေးဖို့ မြန်မာ ဝန်ထမ်းတွေ ရောက်နေ ကြပြီ ဖြစ်ပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေး တဲ့ အခြေ အနေ ဖြစ်နေပါတယ်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကစပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်း၊ စမွတ် ပကန်းနဲ့ စူရတ် ထာနီမြို့တွေမှာ နိုင်ငံသား စိစစ်ရေး ရုံးတွေ ဖွင့်ပြီး အလုပ်သမားတွေ အတွက် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ ထိုင်း ဘက်က တောင်းဆို ထားတဲ့အတိုင်း မြန်မာ အလုပ်သမား ဝန်ကြီး ဌာနက ဝန်ထမ်း အယောက် ၄၀ ထိုင်းနိုင်ငံကို ရောက်လာခဲ့ ပါပြီ။

ဒါပေမဲ့ အခု အချိန် အထိ တရားဝင် ရုံးဖွင့်ပြီး အကောင် အထည်ဖေါ် လုပ်ဆောင်ပေးဖို့ ထိုင်းဘက်က အဆင့်သင့် မဖြစ်သေးဘူးလို့ ဘန်ကောက် မြန်မာ သံရုံးဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူချုပ် ပရာ့ဝစ် ခီးယန်းဖွန် ကတော့ နိုင်ငံသား စိစစ်ရေး ရုံးတွေ အနေနဲ့ လာမယ့် ရက်ပိုင်း အတွင်းမှာ စတင် လုပ်ဆောင် နိုင်တော့ မှာပါလို့ ပြောပါတယ်။

အခုလို နှောင့်နှေး ခဲ့ရတာက အလုပ် သမားတွေ အတွက် မြန်မာ အစိုးရက ထုတ်ပေးမယ့် ယာယီ နိုင်ငံကူး လက်မှတ်ကို ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက အသိအမှတ် ပြုတဲ့စာ ထုတ်ဖို့ အချိန်ကြာမြင့် သွားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗီဇာ ထုတ်ပေးမယ့် နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကြောင်းကြား ရတာ ရုံးခန်းဖွင့်မယ့် နေရာ တွေကို တရားဝင် ငှားရမ်း စာချုပ် ချုပ်ဆို ရတာ တွေကြောင့်လည်း ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ကပြောပါတ်။

အလုပ်သမားတွေ အတွက် နိုင်ငံကူး လက်မှတ်ကို အခု ထုတ်ပေး ထားတဲ့ အနီရောင် အစား ခရမ်းရောင် အဖြစ် ပြောင်းလဲ ထုတ်ပေးမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အတွက် ပြည်ဝင်ခွင့် ဗွီဇာက ၂ နှစ်သက်တမ်း ရှိပြီး ဗွီဇာကြေးက ဘတ် ၅၀ဝ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမား ၇ သိန်းကျော်ကို ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေး နိုင်ခဲ့ပြီး နောက်ထပ် ထုတ်ပေးဖို့ ကျန်သူ ၇ သိန်းကျော်ကို လာမယ့် ဇွန်လ ၁၄ နေ့ အတွင်း ယာယီ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေး နိုင်လိမ့် မယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်း ပြောဆို ပါတယ်။