အမျိုးသားလူ့အခွင့်အရေးကော်မရှင် အခြေခံဥပဒေနဲ့မညီ

လွှတ်တော်အစည်းအဝေးကျင်းနေစဉ်
Image caption လွှတ်တော်အစည်းအဝေးကျင်းနေစဉ်

အခုသမ္မတကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ဟာ ဥပဒေနဲ့မကိုက်ညီလို့ တရားမဝင်အဖွဲ့အစည်းအဖြစ် ဒီကနေ့မနက်ပိုင်း ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအရ အမျိုးသားအဆင့် တနည်းအားဖြင့် ဗဟိုအဆင့် လူ့အခွင့်အရေးကော်မရှင်ကို သမ္မတက ဖွဲ့ခွင့်မရှိတဲ့အတွက် ပြည်တောင်စု လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ရှေ့နေ ဦးသိန်းညွှန့်ကပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တရားမဝင်ဘူးလို့ မြင်တွေ့လာရတာကတော့ အစိုးရက တင်လာတဲ့ ဘတ်ဂျက်ငွေတွေဟာ ဥပဒေနဲ့အညီ အကျိုးရှိရှိအသုံးပြုနိုင်သလားဆိုတာကို လွှတ်တော်က အသေအချာ စီစစ်နေတာ ကြောင့် အခုလိုမြင်တွေ့လာရတာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

မြန်မာ့လူအခွင့်အရေး ပိုကောင်းအောင် သီခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့တခု လိုအပ်ချက်အရ သမ္မတဉီးသိန်းစိန်က လွန်ခဲ့တဲ့၆လကအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။

တကယ်လို့ လွှတ်တော်တွေ့ရှိချက်အရ တရားမဝင်တဲ့ဖွဲ့စည်းမှုမျိုး ဖြစ်ရင် ဘယ်ပုံစံနဲ့ ဆက်လက်ရပ်တည်မယ်ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဉီးစစ်မြိုင်ကတော့ လူ့အခွင့်အရေးကော်မရှင်ကို ဗဟိုအဖွဲ့အစည်းအဖြစ်ရုတ်သိမ်းပြီး သမ္မတရုံးရဲ့ခွင့်ပြုနိုင်တဲ့ ဘတ်ဂျက်ခေါင်းစဉ်အောက်ကနေ သီးခြားဆက် လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ဘီဘီစီကိုပြောသွားပါတယ်။