အမျိုးသားဒီမိုကရေစီအမတ်လောင်း အတိုက်ခိုက်ခံရ

  • 18 မတ် 2012
NLD ပါတီအမှတ်တံဆိပ် ဓာတ်ပုံ မူပိုင် AFP
Image caption NLD ပါတီအမှတ်တံဆိပ်

မနေ့ကညနေက ကိုယ်စားလှယ်လောင်း ဉီးမင်းသူဟာ မင်းကုန်းကျေးရွာအုပ်စု အောင်ချမ်းသာမှာမဲဆွယ်စည်းရုံးပြီး အပြန်မှာ ကျေးရွာကလူငယ် တစုကလေးခွနဲ့ ပစ်ပြီးတိုက်ခိုက်လို့ အတူပါလာတဲ့ လူငယ် အမျိုးသမီတယောက်ဒဏ်ရာရသွားပါတယ်။

လူငယ်၃ဉီးတို့တိုက်ခိုက်တာဖြစ်ပြီး လောက်လေးခွကိုင်လူငယ်တယောက်နဲ့ဆဲဆိုသူတယောက်ကိုဖမ်းမိထားပါတယ်။ အဲဒီထဲမှာ ကျော်ကိုကိုဆိုသူက တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဉီးမင်းသူက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူအမျိုးသမီးကို ပျဉ်းမနားဆေးရုံကိုပို့ထားရပါတယ်။

အခု နေပြည်တော် ဥတ္တရသီရိမြို့နယ်မဲဆန္ဒနယ်ဟာ အရင် ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တဲ့နေရာတွေဖြစ်ပါတယ်။

အောက်ခြေကျေးရွာလူထုအများစုရဲ့ ထောက်ခံမှုရနိုင်လို့ အခုလို ဆောင်ရွက်တာဖြစ်နိုင်ကြောင်းနဲ့ ဒါဟာမကောင်းတဲ့အလေ့အထ တခုဖြစ်တယ်လို့ ဉီးမင်းသူက ဘီဘီစီကိုပြောသွားပါတယ်။