လယ်ယာမြေ မြေလွတ်မြေရိုင်း ဥပဒေကြမ်း နဲ့ပတ်သက်၍

_rice-field-
Image caption လယ်ယာမြေ နဲ့ မြေရိုင်း ဥပဒေ

၂၀၁၁ ခုနှစ် လယ်ယာမြေ နဲ့ မြေလွတ် မြေလပ် နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ မူကြမ်း တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့ က ပြည်ထောင်စု လွှတ်တော် မှာ အတည်ပြု လိုက်ပါပြီ။

ဒီဥပဒေဟာ သာမန်တောင်သူ တွေ အကျိုးရှိ မရှိ လယ်သမား တဦး ကို မေးရာမှာ လယ်ယာမြေ ကုမ္ပဏီ ပိုင်ရှင်တွေ နဲ့ ကြွေးရှင်တွေ ကိုသာ အကျိုးရှိစေပုံ၊ လယ်လုပ်သူ လယ်ပိုင်ခွင့် ရှိမှသာ လယ်သမားတွေ အကျိုးရှိ နိုင်မယ့် အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဘိုးဘွား မိဘပိုင် လယ်မြေ ဆိုပေမယ့် သားသမီး နာမည် လွှဲပြောင်းရာမှာ ငွေ အမြောက်အမြား ပေးရတဲ့ အကြောင်း၊ အကောင်းဆုံးက နှစ်ရှည် လယ်ယာ လုပ်ပိုင်ခွင့် ချထားပေးဖို့ လိုကြောင်း တောင်သူလယ်သမား က ပြောပြပါတယ်။

ဒါ့အပြင် စိုက်ပျိုးတဲ့ သီးနှံတွေ အပေါ် လိုအပ်တဲ့ ပံ့ပိုးမှု၊ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေ ကို နိုင်ငံတကာ စျေးကွက်နဲ့ ဝယ်နိုင်တဲ့ အနေအထား ဖြစ်အောင် ဖန်တီးပေးမှသာ လယ်သမားတွေ အကျိုးရှိနိုင်ပုံ ကိုလည်း ရှင်းပြ ပါတယ်။

မြေလွတ် မြေရိုင်း ဝယ်ခွင့်ပေးရာမှာလည်း ကုမ္ပဏီ လုပ်ငန်းရှင်တွေ ကို ဧက ၅ဝဝဝ မှ ၅ဝ,ဝဝဝ အထိ ခွင့်ပြုထား ပေးပြီး၊ တောင်သူတွေ ကိုတော့ ဧက ၅ဝ ပဲ လုပ်ခွင့်ပေးတဲ့ အတွက် အစိုးရ လက်ဝေခံ ကုမ္ပဏီ တွေ သာ အကျိုးအမြတ် ရနေပုံတွေ ကို တောင်သူ တဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။