သမ္မတဦးသိန်းစိန်ရဲ့ဗီယက်နမ် ခရီးစဉ်ပြီးဆုံး

  • 21 မတ် 2012
_thein_sein_vietnam_
Image caption ဦးသိန်းစိန် ရဲ့ ဗီယက်နမ် ခရီးစဉ်

မြန်မာ သမ္မတ ဦးသိန်းစိန် ရဲ့ ၂ ရက်တာ ကြာတဲ့ ဗီယက်နမ် ချစ်ကြည်ရေး ခရီးစဉ်ဟာ ဗုဒ္ဓဟူးနေ့ မှာ ပြီးဆုံးခဲ့ပြီး ခရီးစဉ် အတွင်း နှစ်နိုင်ငံကြား နယ်ပယ်စုံ မှာ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စတွေ ကို ဆွေးနွေးခဲ့ကြပါ တယ်။

၂ နိုင်ငံကြား ပုံမှန် အစဉ်အလာ အတိုင်း ပူးပေါင်း ဆောင်ရွက်ချက် များ သာ မက ပဲ ဘက်ပေါင်းစုံ တဲ့ ပူးပေါင်းဆောင်ရွက် မှု တွေ လုပ်ဆောင် သွားမယ် လို့ ၂ နိုင်ငံ ခေါင်းဆောင် တွေ က သဘောတူ ခဲ့ကြပါတယ်။

သမ္မတ သိန်းစိန် က ဗီယက်နမ် ရဲ့ ဒွိုင်မွိုင် စီးပွားရေး ပြုပြင် ပြောင်းလဲရေး တွေ ကို လေးစား ကြောင်း ထုတ်ဖော် ပြောကြားခဲ့ သလို၊ ဗီယက်နမ် သမ္မတ ချူယင် တန်ဆန်း ကလည်း မြန်မာ ရဲ့ လုံခြုံရေး ဆိုင်ရာ နိုင်ငံရေးဆိုင်ရာ စီးပွားရေး နဲ့ လူမှုရေးဆိုင်ရာ အောင်မြင်မှု တွေ ကို ချီးကျူးခဲ့ပါတယ်။

၂ နိုင်ငံကြား ကုန်သွယ်ရေး ကို လည်း ၂၀၁၅ မှာ ကုန်သွယ်မှု တန်ဘိုး ဒေါ်လာ သန်း ၅၀၀ ထိရောက်အောင် မြှင့်တင်ဖို့ လည်း သဘောတူခဲ့ကြပါတယ်။

ဗီယက်နမ် နိုင်ငံ အနေနဲ့ လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တွေ ပြုမယ် ဆိုရင် ကူညီမယ့် အကြောင်းလည်း မြန်မာ ဖက်က ကတိပြုတယ် လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဗီယက်နမ် ခရီးစဉ် နဲ့ ပတ်သက်ပြီး ဗီယက်နမ် ဝန်ကြီးဌာန ရဲ့ ဒုတိယ ဝန်ကြီးဟောင်းလည်း ဖြစ်၊ ဗီယက်နမ် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ရဲ့ ဉက္ကဌ လီကောင်ဖွန်းက ဗီယက်နမ် ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အတွေ့အကြုံ ကို မြန်မာ ရယူဖို့ အကြံပြုတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ အရာရှိတွေ နဲ့ မစ္စတာ လီကောင်ဖွန်း တွေ့ရာမှာ မြန်မာ့ အပြောင်းအလဲ တွေ ဟာ နောက်ပြန် မသွားတော့ဘူး လို့ သိရလို့ နိုင်ငံ ဟာ ပိုပြီးဖွံ့ဖြိုး လာဖို့သာ ရှိကြောင်း၊ စီးပွားရေး အရ ရော၊ လူမှုရေး အရပါ ကောင်းတဲ့ ဘက် ပြောင်းလဲ လာမှာမို့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ လာအို နဲ့ ဗီယက်နမ် နိုင်ငံ တွေ အတွက် ကောင်းမွန်တဲ့ သက်ရောက်မှု တွေ ရှိလာနိုင်ပုံ တွေ ဘီဘီစီ ကို ရှင်းပြပါတယ်။