လာမယ့်နှစ် ဘတ်ဂျက်မှာ ကာကွယ်ရေးက အများဆုံးရ

  • 22 မတ် 2012
Burma Parliament
Image caption လာမယ့်နှစ် အတွက် ဘတ်ဂျက် ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု

မြန်မာ အစိုးရရဲ့ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ် အတွက် ရသုံး မှန်းခေျ ငွေစာရင်း ဘတ်ဂျက်ကို ပြည်ထောင်စု လွှတ်တော်က ကြာသပတေး နေ့က အတည်ပြုလိုက် ပါတယ်။

အစိုးရ ဘတ်ဂျက် တစ်ခုလုံး အတွက် ကျပ်ငွေ သန်းပေါင်း ၁၂ သန်းကျော် သုံးစွဲဖို့ သဘော တူခဲ့ကြ ပါတယ်။

အစိုးရက ပြန်လည် ရရှိမယ့် ဝင်ငွေက ကျပ်ငွေ သန်းပေါင်း ၁၀ သန်းကျော် ပဲ ရှိတဲ့ အတွက် သန်းပေါင်း နှစ်သန်း နီးပါး လိုငွေ ပြနေပါတယ်။

အစိုးရ တစ်ဖွဲ့လုံးမှာ ဘတ်ဂျက်ငွေ အများဆုံး သုံးစွဲတာက ကာကွယ်ရေး ဝန်ကြီး ဌာန ဖြစ်ပြီး အသုံး စရိတ် သန်းပေါင်း ၂ သန်း နီးပါး လျာထားပါတယ်။

ဒုတိယ အများဆုံး ကတော့ စွမ်အင်ဝန်ကြီး ဌာနဖြစ်ပြီး သန်းပေါင်း ၁ သန်း ၈ သိန်းကျော် ဖြစ်ပါတယ်။

အခု ရရှိထားတဲ့ စာရင်း အရ ဆိုရင်တော့ ဘတ်ဂျက်ငွေ အနည်းဆုံး ရတယ်လို့ ယူဆရ တာက သမဝါယမ ဝန်ကြီး ဌာန ဖြစ်ပြီး သန်းပေါင်း ၃ ထောင် ကျော်သာ ရရှိထား ပါတယ်။

ပညာရေးဝန်ကြီးဌာနက ပြီခဲ့တဲ့ နှစ်ထက် စာရင် အသုံး စရိတ် နှစ်ဆတိုးခဲ့ တယ် ဆိုပေမဲ့ ပြီး သုံးမယ့်ငွေ စုစုပေါင်းက ကျပ်သန်းပေါင်း ၇ သိန်းခွဲကျော် ပဲ ရှိပါတယ်။

ကျန်မာရေး ဝန်ကြီး ဌာနကတော့ ပြီးခဲ့တဲ့ နှစ်ထက် ၄ ဆတိုးခဲ့ပြီး သုံးမယ့်ငွေက ကျပ် သန်းပေါင်း ၄ သိန်းနီးပါး ဖြစ်ပါတယ်။

ဝန်ကြီး ဌာန အတော် များများကို ဘတ်ဂျက်ငွေ လျှော့ချ ပေမဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ကိုတော့ ဖြတ်တောက်မှု မရှိခဲ့ပါဘူး။

သူတို့ တင်ပြတဲ့ အသုံး စရိတ် တွေနဲ့ ပတ်သက်လို့ လွှတ်တော် အမတ်တွေ ဘက်က ထောက်ပြ ပြောဆိုခြင်း မရှိကြတာဟာ လည်း က ဘယ်နေရာတွေမှာ ဘယ်လို လစ်ဟာ နေတယ် ဆိုတာမျိုး ပြောနိုင်ဖို့ သူတို့မှာ ခိုင်လုံတဲ့ အထောက်အထား ပြနိုင်ခြင်း မရှိတဲ့ အတွက် ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

အခု အစိုးရ သစ်လက်ထက်မှာ တိုးချဲ့ ဖွဲ့စည်း ခဲ့တဲ့ မြန်မာ့ စက်မှု လက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကတော့ ငွေလုံးငွေရင်း ၁ဝဝ ရာခိုင်နှုန်းဖြတ် တောက် ခံခဲ့ရ ပါတယ်။

ဒီ ဝန်ကြီးဌာနဟာ သူတို့ လုပ်ငန်း တွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ ရငွေနဲ့ သုံးငွေ အစီအစဉ်တွေကို တင်ပြခြင်း မရှိတဲ့ အတွက် ဖြတ်ဖို့ သင့်တယ်လို့ ပြည်သူ့ လွတ်တော် အမတ် ဦးဝင်းသန်း အဆိုတင်သွင်းခဲ့ပါတယ်။

ဒါကြောင့် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာ လာမယ့် နှစ်မှာ လုပ်စရာ အလုပ် မရှိတော့ဘဲဝန်ကြီး ဌာနတောင် ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ရှိတယ်လို့ ဆိုနိုင်ပါတယ်။