ရွှေ ဓာတ်ငွေ့ ကြောင့် နယ်ခံတွေ ထိခိုက်

  • 22 မတ် 2012
gas
Image caption တရုတ် ဓာတ်ငွေ့ စီမံကိန်းကြောင့် ရခိုင်မှာ ထိခိုက်

ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်းနဲ့ ရေနံ ပိုက်လိုင်း အတွက် ရေနက် ဆိပ်ကမ်း အပါအဝင် တရုတ် စီမံကိန်း ကြီးတွေ တည်ဆောက်နေတဲ့ ရခိုင် ပြည်နယ် ကျောက်ဖြူ မဒေးကျွန်း စီမံကိန်း ကြောင့် ဒေသခံတွေရဲ့ အသက်မွေး ဝမ်းကျောင်း တွေ ထိခိုက် နေတယ်လို့ သိရပါတယ်။

ကျွန်းပေါ်က ရွာ ၃ ရွာမှာ လူ ၂ဝဝဝ လောက် နေပါတယ်။ ဒီ စီမံကိန်းကြောင့် မြစ်ထဲ ငါးဖမ်း လို့ မရတော့ သလို လယ်ယာ လုပ်လို့လည်း မရတော့ဘူး လို့ သိရပါတယ်။

သူတို့ ငါးဖမ်းနေကျ နေရာတွေမှာ တရုတ်က ဆိပ်ကမ်းတွေ ဆောက်နေလို့ သွားလို့ မရတော့ သလို အာဏာပိုင်တွေ ကလည်း ငါးမဖမ်းဖို့ တားမြစ်နေတယ်လို့ ဆိုပါတယ်။

တရုတ် သင်္ဘောကြီးတွေ ဝင်ထွက်နေတဲ့ အတွက် အန္တရာယ် များသလို အနီးအနား မှာလည်း ငါးတွေ မခိုအောင်း တော့ဘူးလို့ သိရပါတယ်။

လုပ်ကိုင် စားနေရတဲ့ လယ်မြေတွေ ပျက်စီးကုန်ပြီး တောင်တွေ ဖြိုချ ပစ်လို့ လုပ်ကိုင် စားစရာ နေရာ မရှိတော့ဘူးလို့ ဆိုပါတယ်။

တောတောင်တွေထဲ ကိုလည်း မဝင်ရ မတက်ရ ဆိုင်းဘုတ်တွေနဲ့ တားမြစ် ထားပြီး နွားတွေလည်း မွေးလို့ မရတော့ဘူးလို့ သိရပါတယ်။

မီးရှို့မှာ စိုးလို့ ဥယျာဉ် ခြံမြေ ခုတ်ထွင် ရှင်းတာတွေလည်း မလုပ်ရဘူးလို့ အမိန့်ထုတ် ထားပါတယ်။

ရွာသားတွေကို အလုပ် ခန့်တာ နည်းပြီး လုပ်ခ အပြည့်မရ တာလည်း ရှိတယ်လို့ သိရပါတယ်။

ဆောက်ပေးတဲ့ ဆေးခန်းနဲ့ ကျောင်းတွေက စားရေး နေရေး အခက် တွေ့နေတဲ့ ရွာသားတွေ အတွက် အကျိုးမရှိလို့ ဆိုပါတယ်။