ကုလားတန် မြစ်ကြောင်းအတွက် လေ့လာဆန်းစစ်မယ်

Image caption အခုစီမံကိန်းဟာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ပြီးရင် ဒုတိယအကြီးဆုံး စီမံကိန်းဖြစ်

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အကောင်အထည်ဖေါ်နေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံဖြိုးရေး စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နဲ့ ဒေသခံ လူထုတွေအပေါ် ဘယ်လို အကျိုးသက်ရောက် မူတွေ ရှိလာနိုင်သလဲ ဆိုတာကို မြန်မာအစိုးရ ဟာ အိန္ဒိယနဲ့ ပူးပေါင်းပြီး လေ့လာဆန်းစစ်မူ တွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

ကုလားတန် မြစ်ကြောင်း ဘက်စုံ စီမံကိန်းဟာ မြန်မာနိုင်ငံ အနောက်ဘက် ဒေသမှာ တရုတ်နဲ့ ပူပေါင်း လုပ်ကိုင်နေတဲ့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းပြီးရင် ဒုတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူ ပြုလုပ်ထားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

အရင်ကတော့ အခုလို လေ့လာ တိုင်းတာမူတွေ ပြုလုပ်ခဲ့တာ မရှိခဲ့ပေမယ့်၊ အခုအခါ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေရဲ့ အသံတွေ ကျယ်ကျယ် လောင်လောင် ထွက်လာတဲ့ နောက်ပိုင်းမှာ မြန်မာအစိုးရဟာ အိန္ဒိယနဲ့ ပူးပေါင်းပြီး လေ့လာ စစ်ဆေးမူတွေ ပြုလုပ်သွားမယ်လို့ ပြောကြားလာတာ ဖြစ်ပါတယ်။

အခုလို မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ အခုလို ကြီးမားတဲ့ စီမံကိန်းကြီးတွေ အပေါ်မှာ လေ့လာမူတွေ အများကြီး လုပ်ဖို့ လိုတယ်လို့ ရခိုင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း ဒုတိယဥက္ကဌ ဦးမောင်မောင်သိန်းဖေက ပြောပါတယ်။

ကုလားတန် မြစ်ကြောင်း ဘက်စုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလအတွင်း ကိုးရီးယား အဖွဲ့ တစ်ခုက လေ့လာမူ ပြုခဲ့ပြီး ရရှိတဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်ဖို့ စီစဉ်နေ တယ်လို့လည်း သိရပါတယ်။

ကုလားတန်မြစ်ကြောင်းဘက်စုံ စီမံကိန်းမှာ ပါဝင်တဲ့ ပလက်ဝမြို့ အရှေ့ဘက်ကမ်းမှာ တည်ဆောက်မယ့် ဆိပ်ကမ်းဂိုဒေါင်တွေ အတွက် အိန္ဒိယ အွိုင်ယွန် ကုမ္ပဏီက မြေ ၁၁ ဧကကို လျော်ကြေးပေးမယ်ဆိုပြီး သိမ်းယူသွားပေမယ့် အခုအခါ အဲဒီနေရာမှာ အဆောင်တွေ ဆောက်နေပေမဲ့ လျော်ကြေးငွေ မပေးသေးတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြရ တယ်လို့ သတင်းတွေ ရရှိပါတယ်။