မြန်မာနိုင်ငံမှာ ဝင်ငွေခွန်နဲ့ ကုန်သွယ်ခွန် အသစ်ချမှတ်

  • 26 မတ် 2012
ဓာတ်ပုံ မူပိုင် ird

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့က စပြီး ဝင်ငွေ ခွန်နဲ့ ကုန်သွယ်ခွန်တွေကို သတ်မှတ်ချက် အသစ် နှုန်းထားတွေနဲ့ ကောက်ခံတော့မှာ ဖြစ်ရာ၊ လစာငွေ တနှစ်ကို ၁၄ သိန်း ၄ သောင်း အထက် ရတဲ့သူတွေ အတွက် ဝင်ငွေခွန်ကို ၁ ရာခိုင်နှုန်း ကနေ ၂ဝ ရာခိုင်နှုန်းအထိ ကောက်ခံမှာ ဖြစ်ပြီး၊ လုပ်ငန်းဆိုင်ရာ စီးပွားရေး ဝင်ငွေခွန်ပေါ်မှာ တော့ ၁ ရာခိုင်နှုန်း ကနေ ၃ဝ ရာခိုင်နှုန်းအထိ ကောက်ခံမှာ ဖြစ်ပါတယ်။

ကုန်သွယ်ခွန်နှုန်းထားကတော့ ဆေးလိပ်၊ အရက်၊ အစရှိတဲ့ အထူးကုန်စည် ၁၈ မျိုးက လွဲပြီး ကုန်စည်လုပ်ငန်း ကုန်သွယ်လုပ်ငန်း တွေကို ၅ ရာခိုင်နှုန်းကောက်ခံမှာ ဖြစ်ပါတယ်။

အရင်တုန်းက ဝင်ငွေခွန်ရော ကုန်သွယ်ခွန်ပါ ကင်းလွတ်ခွင့် ရနေတဲ့ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီဟာလည်း အခွန် ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေရာ ပုဂ္ဂလိက စီးပွားရေးသမားတွေကိုပါ တပြေးညီ ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း အခွန်ဦးစီးဌာန အရာရှိဟောင်းလည်းဖြစ် စီးပွားရေး ဆိုင်ရာ ဆောင်ပါး တွေကို ရေးသားနေတဲ့ ဦးဟန်ထွန်းက ရှင်းပြပါတယ်။

ဧပြီလ တရက်နေ့မှာ ဝန်ထမ်းတွေ အပိုထောက်ပံ့ကြေး ရရှိတော့မှာနဲ့ အခုလို ဝင်ငွေခွန်နဲ့ ကုန်သွယ်ခွန်တွေ တိုးကောက်မယ် ဆိုတာဟာ တိုက်ဆိုင်နေပါတယ်။