ကုန်သွယ်ခွန် အားလုံး တပြေးညီ ကောက်မည်

  • 27 မတ် 2012
tax
Image caption လုပ်ငန်း အားလုံးနီးပါးကို အခွန် တပြေးညီ ကောက်မည်။

မြန်မာ နိုင်ငံမှာ ကုန်သွယ်ခွန် အားလုံးကို ဝင်ငွေ ရဲ့ ငါးရာခိုင်နှုန်းထားပြီး တပြေးညီကောက်တော့ မှာ ဖြစ်ပါတယ် ။

အရင်က ကုန်သွယ်ခွန်ကို လုပ်ငန်း၊ ဝန်ဆောင်မှု ဒါမှမဟုတ် ကုန်ပစ္စည်းပေါ် လိုက်ပြီး ရှစ်ရာခိုင် နှုန်းကနေ ဆယ်ရာခိုင်နှုန်းကျော်ထိ ကောက်ခံ နေရာကနေ ခုတော့ လုပ်ငန်းအားလုံးကို အ မြတ်ငွေရဲ့ ငါးရာခိုင်နှုန်း ထားပြီး တပြေးညီ ကောက်မှာ ဖြစ်ပါတယ်။

ကုန်းလမ်း၊ လေကြောင်းနဲ့ ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းတွေကို အရင်က ရှစ်ရာခိုင်နှုန်း ကောက်ပြီး ရုပ်ရှင်၊ ဗီဒီယို ဖျော်ဖြေမှု လုပ်ငန်းတွေကို ဆယ်ငါ့ရာခိုင်နှုန်းကနေ သုံးဆယ် ရာ ခိုင်နှုန်းထိ ကောက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တချို့ လုပ်ငန်းတွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးထားဆဲ ဖြစ်ပါတယ်။

နိုင်ငံခြား သံတမန် အဖွဲ့တွေကို နိုင်ငံခြားငွေနဲ့ ရောင်းရငွေ၊ ကာကွယ်ရေး အသုံးစရိတ်မှာ ပါတဲ့ ပစ္စည်း၊ သံရုံး ဝန်ထမ်းများ မော်တော်ကား တင်သွင်းမှု၊ အိုင်အိုဒင်းဆားနဲ့ စပါး ရောင်းချမှု စတာတွေ အပါအဝင် အမျိုးအစား ကိုးမျိုးကိုတော့ အခွန် ကင်းလွတ်ခွင့် ပေး ထားပါတယ်။

အခွန်နှုန်းထား လျှော့ချလိုက်တဲ့ အတွက် အစိုးရ အနေနဲ့ စီးပွားရေး လုပ်ငန်းတွေကနေ အခွန် ရရှိမှု လျော့နည်းသွားနိုင်ပေမယ့် အခွန်ကောက်ယူမှုကို စေ့စေ့စပ်စပ် ပြုလုပ်မယ်ဆိုရင် အခွန် ရငွေ လျော့သွားစရာ မရှိဘူးလို့ ခန့်မှန်း ရပါတယ်။

တဘက်မှာ အရင်ကအခွန် ကင်းလွတ်ခွင့်ရထားတဲ့ ဉီးပိုင် ကုမ္ပဏီတို့လို့ ကုမ္ပဏီတွေကို အခွန် ကောက်ယူမှာ ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ အခွန် မှန်မှန် ကန်ကန် ပေးဆောင်စေဖို့ အစိုးရမှာ တာဝန် ပိုရှိလာတယ်လို့ ဉီးဟံထွန်း (အခွန်) က မှတ်ချက်ပေး ပြောဆိုထားပါတယ်။