အာဖဂန် အမျိုးသမီးရာနဲ့ချီ အဖမ်းခံရ

  • 28 မတ် 2012
Afghan women ဓာတ်ပုံ မူပိုင် AP
Image caption အာဖဂန်အမျိုးသမီးတွေကို ဖမ်းဆီးချုပ်နှောင်

အာဖဂန်နစ္စတန် မှာ အိမ်ကထွက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးချုပ်နှောင်ထားခံရတာ ရာနဲ့ချီရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူအဖွဲ့ HRW က ပြောလိုက်ပါတယ်။

HRW ရဲ့ အမှုဆောင် ဒါရိုက်တာ ကန်းနက်သ် ရော့သ်က ဘီဘီစီ ဝါးတူဒေးကို ပြောကြားရာမှာ အဖမ်းခံရတဲ့ မိန်းကလေးအားလုံးလိုလိုဟာ အရွယ်မရောက်သေးသူတွေ ဖြစ်ကြပြီး အဲဒီအထဲက တဝက်လောက်ဟာ အတင်းလက်ထပ်ထိမ်းမြား ပေးစားတာတွေ အိမ်တွင်း အကြမ်းဖက် ရိုက်နှက်မှုတွေကြောင့် အကျင့်စာရိတ္တ ပျက်ပြားတဲ့ ရာဇဝတ်မှုဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံကြရတာဖြစ်တယ်လို့ HRW ကဆိုပါတယ်။

အဲဒီအထဲမှာ အဓမ္မပြုကျင့်ခံရသူတွေလည်း ပါဝင်ပြီး သူတို့ကိုတော့ အိမ်ထောင်ဘက်မဟုတ်သူနဲ့ လိင်ဆက်ဆံမှုပြုလို့ဆိုပြီး ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။