ထိုင်းမှာ မြန်မာလုပ်သားများ ကားမှောက်သေ

  • 29 မတ် 2012
migrant ဓာတ်ပုံ မူပိုင် bbc burmese
Image caption တရားမဝင် ဝင်ထွက် သွားလာရတဲ့ မြန်မာ လုပ်သားများ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်၊ ဘန့်ဖရဲမြို့နယ် ရဲဂိတ်မှာ မြန်မာ အလုပ်သမားတွေ တရားမဝင် တင်ဆောင် လာတဲ့ကားကို စစ်ဆေးဖို့လုပ်ချိန်မှာ ကားမောင်းပြေးရင်း တိမ်းမှောက်သွားလို့ သေဆုံးသူ ဒဏ်ရာရသူတွေ ရှိတယ်လို့ ဘန့်ဖရဲ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

သေဆုံးသူ ၇ ယောက် ရှိပြီး အဲ့ဒီ အထဲမှာ ကားမောင်း သမား ထိုင်းအမျိုးသား တဦးပါကာ ကျန်တဲ့ ၆ ဦးက မြန်မာတွေ ဖြစ်တယ်။ ဒဏ်ရာရသူ ၁၄ ဦးလုံးက မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ပြောသွားပါတယ်။

စစ်ဆေးချက်အရ မြန်မာ အလုပ်သမား တွေကို သေဆုံးသူ ထိုင်းလူမျိုး ကားသမားက မဲဆောက်မြို့ကနေ တရားမဝင် သယ်ဆောင် လာတာလို့ နယ်မြေခံရဲက ဘီဘီစီကို ပြောပါတယ်။