နေပြည်တော် မဲဆန္ဒရှင်တွေရဲ့ သဘောထား

  • 29 မတ် 2012
Image caption နေပြည်တော်မှာ အဓိက ပြောနေတာကတော့ NLD အကြောင်းပဲ ဖြစ်ပါတယ်

ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်ပြီးရင် စိတ်၀င်စားစရာ အကောင်းဆုံး မဲဆန္ဒနယ်တွေ ကတော့ နေပြည်တော်က မဲဆန္ဒနယ်မြေတွေပဲ ဖြစ်ပါတယ်။

နေပြည်တော်မှာ အဓိက ပြောနေကြတာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအာဏာရ ပါတီ ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာလည်း ပရိသတ်တွေ ရှိနေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရုပ်ရှင်သရုပ်ဆောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်း ကိုရှားညို ကတော့ ကြံ့ခိုင်ရေးပါတီက သူ့အဖေ ကိုယ်စားလောင်းအတွက် ပုပ္ဗသီရိ မြို့နယ်ထဲက ကျေးရွာတခုမှာ မဲဆွယ်နေရာမှာ နောင်ကို လည်း လာရောက် ပြီး အဲဒီဒေသက ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေမှာ ဖြစ်ကြောင်းနဲ့ အဲဒီမှာ ဇတ်ကားတွေလည်း လာလိုက်ချင်ကြောင်း လူထုကို စည်းရုံးနေခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းဖြစ်သူ ဉီးမင်းသူကတော့ အဲဒီဒေသဘက်မှာ NLD ကို အားတက်သရောကြိုဆိုတာကိုတွေ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ နေပြည်တော်ဟာ ဝန်ထမ်းတွေ ကြီးစိုးတဲ့ အရပ်ဖြစ်တာပါတယ်။ ဒါပေမယ့် လည်း ဝန်ထမ်းတွေဟာ ဘယ်ပါတီကို ထောက်ခံတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောကြားဖို့ ဝန်လေး နေပုံရပါတယ်။

ဒါပေမယ့်လည်း မိမိအမြင်ကို ရင်ဖွင့်ပြောကြားရဲသူ ဝန်ထမ်းတဉီးကတော့ အချုပ်အချယ် အဟန့်အတားသာ မရှိဘဲ မဲပေးရမယ်ဆိုရင်တော့ NLD ကိုပဲ မဲပေးမှာ ဖြစ်တယ်လို့ နေပြည်တော်ကို ကိုယ်တိုင်သတင်းသွား ယူနေတဲ့ ဘီဘီစီ သတင်းထောက် ကိုချိုကို ပြောကြားသွားခဲ့ပါတယ်။