မြန်မာအမျိုးသားကွန်ကရက်ပါတီက ပါတီရပ်တည်ရေးအတွက်သာယှဉ်ပြိင်မယ်လို့ဆို

  • 30 မတ် 2012
ကောင်းမြင့်ထွဋ် ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဦးကောင်းမြင့်ထွဋ်ဟာ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း တသီးပုဂ္ဂလ အဖြစ်ဝင်ပြိုင်ခဲ့

လာမဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မြန်မာ အမျိုးသား ကွန်ကရက် ပါတီ အနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ထက် ပါတီရဲ့ ရပ်တည်မှု ရေရှည် တည်တံ့ ရေးအတွက် သာ ဦးစားပေး ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ ပါတီ ခေါင်းဆောင် ဦးကောင်းမြင့်ထွဋ် က ဆိုပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ၃ နေရာသာလောက်သာ ၀င်ပြိုင်မှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ အရွေးခံမယ့် ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

အဲဒီမင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဒီမိုကရက်တစ်ပါတီက ဥက္ကဌ ဦးသုဝေ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ဖြူဖြူသင်း၊ အမျိုးသားဒီမိုကရေစီပါတီသစ် က ဦးဖုန်းမြင့် နဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါ်လဲ့လဲ့အေး တို့ လည်းဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

ဦးကောင်းမြင့်ထွဋ်ကတော့ ရည်မှန်းချက် ရည်ရွယ်ချက်ခြင်း တူညီကြတဲ့ ပါတီတွေ အနေနဲ့ မဲဆန္ဒနယ်တွေ မထပ်အောင် ယှဉ်ပြိုင်ကြရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အလွယ်တကူ ရောက်နိုင်မယ်လို့ ပြောပါတယ်။