ကျားဖြူပါတီ ကလည်း ဒီပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်နေ

  • 30 မတ် 2012
SNDP
Image caption ကျားဖြူ ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ရှမ်းပြည်နယ် မှာ နေရာ အများ ကြီး နိုင်ခဲ့

ကျားဖြူ ပါတီ လို့ လူသိ များတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ဟာ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ရှုံးထားတဲ့ လားရှိုး မဲဆန္ဒ နယ်မှာ ဒီတကြိမ်တော့ သေချာပေါက် အနိုင်ရမယ်လို့ တွက် ထားကြောင်း ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် စိုင်းစံမင်းက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ တုန်းက အဲဒီမဲဆန္ဒနယ်မှာ လက်ရှိ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရ ခဲ့တာ ဖြစ်ပြီး ကျားဖြူပါတီကတော့ ကြိုတင်မဲတွေကြောင့် အဲဒီလိုနိုင်တာလို့ စွပ်စွဲ ခဲ့ပါတယ်။

လားရှိုးမဲဆန္ဒနယ်မှာ ကျားဖြူပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ တို့ အပါအဝင် ပါတီ ငါးခု ဝင်ရောက်ယှဉ်ပြိုင် ကြမှာပါ။

အင်အားမတိမ်းမယိမ်းနဲ့ ပါတီကြီးတွေ ပါဝင်နေလို့ ဘယ်သူ နိုင်မလဲဆိုတာကို အတိအကျခန့်မှန်းရခက်ပေမဲ့ ကျေးရွာတွေရဲ့ ထောက်ခံမှုကို အဓိကရရှိ ထားတဲ့ ကျားဖြူပါတီက သာနိုင်မယ်လို့ ယူဆကြောင်း စိုင်းစံမင်း ကပြောပါတယ်။

အခုကြား ဖြတ်ရွေး ကောက်ပွဲမှာ စည်းရုံးရေး အတွက် သိပ်အခက်အခဲ မရှိပေမဲ့ မဲစာရင်းတွေမှာ နာမည်ထပ်နေတာတွေ၊ သေဆုံးသွားသူတွေရဲ့ အမည်စာရင်းတွေပါ နေလို့ မဲစာရင်း ကွာဟမှု ပြဿနာကို ရင်ဆိုင်နေရတယ်လို့ စိုင်းစံမင်းက ပြောပါတယ်။