ရွေးကောက်ပွဲ အထူးအစီအစဉ်

  • 30 မတ် 2012
ဓာတ်ပုံ မူပိုင် Reuters

တနင်္ဂနွေနေ့ မှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခု ဖြစ်လာမှာ မဟုတ်ဘူး လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မဲဆွယ် စည်းရုံးမှုတွေကို ဝင်ရောက် နှောက်ယှက် ဟန့်တား သူတွေ ထဲမှာ အာဏာပိုင် အဆင့်က ပါဝင် ပတ်သက် နေတယ်လို့ ယူဆစရာ အကြောင်းတွေ ရှိနေကြောင်းသူက ပြောပါတယ်။

ဒါပေမယ့်လည်း အမျိုးသား ရင်ကြားစေ့ရေး အတွက် သူတို့ ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုက သောကြာနေ့ မနက်က သူ့နေအိမ်မှာ သတင်းထောက်တွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ တွေကို ဖိတ်ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့စဉ်မှာ ခုလို ထုတ်ဖော် ပြောခဲ့တာ ဖြစ်ပါတယ်။