ဒေါ်အောင်ဆန်းစုကြည် ကော့မှူးရောက်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption ဝါးသိင်္ခရွာမှာ တညအိပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာ

မြန်မာနိုင်ငံမှာ မနက်ဖြန်ဆို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မှာမို့ ပါဝင် ယှဉ်ပြိုင်ကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ ကိုယ့်မဲဆန္ဒနယ် အသီးသီးမှာ နောက်ဆုံးအကြိမ် မဲဆွယ် စည်းရုံးမှုတွေ လုပ်နေကြပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လည်း သူဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ဒီကနေ့ ညနေနှောင်းပိုင်းလောက်မှာ ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကော့မှူးက ကြိုဆိုနေသူ တချို့

ရွေးကောက်ပွဲနေ့မတိုင်ခင် ကော့မှူးမြို့နယ် ဝါးသိင်္ခရွာမှာ တညတည်းမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

ရောက်ရောက်ချင်း ဆိုသလို ဒေါ်အောင်ဆန်းစုကြည်က သောင်းသောင်းဖျဖျ ကြိုဆိုနေတဲ့ လူထုကို နှုတ်ဆက် စကားပြောခဲ့ပြီး ရပ်ဝေးကလာတဲ့ သူတွေ အနေနဲ့ နက်ဖြန် မဲထည့်ရမှာမို့ စောစောပြန်ကြဖို့ မှာကြားနေကြောင်း သိရပါတယ်။