ခုကျင်းပတဲ့ ရွေးကောက်ပွဲ ပိုလွတ်လပ်တယ်လို့ ဉီးသုဝေပြော

  • 31 မတ် 2012
Image caption ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခံစား သိရှိ ရသမျှ ဉီးသုဝေ ပြောပြ

ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲထက် ပိုပြီး လွတ်လပ်မှု ရှိတယ်လို့ အရင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးပြီး အခုလာမယ့် ရွေးကောက်ပွဲမှာလည်း မင်္ဂလာ တောင်ညွန့်မြို့နယ်မှာ ဝင် အရွေးခံမယ့် ဒီမိုကရေစီ ပါတီက ဉီးသုဝေက ပြောပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ငါးပါတီက ကိုယ်စားလှယ် ငါးယောက်က အခုထိ မဲဆွယ် စည်းရုံးနေကြပြီး လူထုက အားလုံးကို သောင်းသောင်းဖျဖျ ကြိုဆိုကြတာကြောင့် ဘယ်သူနိုင်မယ် ဆိုတာကြိုခန့်မှန်းဖို့ ခက်တယ်လို့ ရှင်းပြပါတယ်။

နက်ဖြန် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုတွေလည်း လွတ်လွတ်လပ်လပ် လှုပ်ရှား ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ အချင်းချင်းလည်း တယောက်နဲ့ တယောက် ရင်းရင်းနှီးနှီး ချစ်ကြည် ရင်းနှီးမှု ရှိကြတယ်လို့ သူက ထပ်လောင်း ပြောသွားခဲ့ပါတယ်။